Monday, January 23, 2012

"ယုံကြည်သင့်ပြီလား ၊ ယုံကြည်ရပြီလား"

"ယုံကြည်သင့်ပြီလား ၊ ယုံကြည်ရပြီလား"

မြန်မာနိုင်ငံအစိုးရအဆက်ဆက် မကြုံစဖူးသော လွတ်ငြိမ်းချမ်းသာခွင့်အား သမ္မတဦးသိန်းစိန်မှ မိမိသဘောထားဖြင့် ကြော်ငြာခဲ့သည်ဟုဆို၏ ။ ထိုလွတ်ငြိမ်းချမ်းသာခွင့်အား
မြန်မာပြည်သူတို့ မျှော်လင့်စောင့်စားခဲ့ကြသည်မှာ နှစ်လကြာရှည်လေပြီ ။ မြန်မာ့နိုင်ငံရေး၏ သမိုင်းတစ်ကွေ့ ဟုဆိုကြသော အရပ်သားအစိုးရတက်လာခြင်း၏ အကျိုးကျေးဇူး ၊ မည်မျှပင် အရပ်ဝတ်
လှဲထားသော ဗိုလ်ချုပ်ကြီးဟောင်းဆိုကာစေမှု ၊ ထို ဆုံးဖြတ်ချက်အား ကျွနုပ်တို့ ကြိုဆိုရမည်ဖြစ်သည် ။ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းကား လူစုံပေပြီ ၊ ကိုမင်းကိုနိုင် မှ အစရှိသော ၈၈ မျိုးဆက်များ
ကိုစည်သူမောင်၊ကိုဒီငြိမ်းလင်းမှ အစရှိသော ၀၇ မျိုးဆက်များ ၊ ဦးခင်ညွန့်အစရှိသော တပ်မတော်အရာရှိဟောင်းများလည်း မြန်မာနိုင်ငံရေး အခင်းအကျင်းသို့ ၀င်ရောက်ရန် တာဆူကြ ပေပြီ ။

ထိုသို့ဆိုလျှင် လက်ရှိအစိုးရ ၊ လက်ရှိသမ္မတ ၊လက်ရှိတပ်မတော် ကား ယုံကြည်ရပါပြီလား ။ ယုံကြည်ခြင်းတခုစီ၏ နောက်ကွယ်တွင်မည်သည့်အရာများ ရှိသနည်း ၊ လက်ရှိအခြေအနေကား ရှုပ်ထွေးနေဆဲပင်ဖြစ်သည် ။ ထိုသိုဆိုသဖြင့် အစိုးရကို မယုံကြည်အပ် ၊ သမ္မတကို မယုံကြည်အပ် ၊တပ်မတော်ကို မယုံကြည်အပ်ဟု ဆိုလိုခြင်းကားမဟုတ် ။ အရာရာတိုင်းတွင်ကား မတည်ငြိမ်သေးသော အခြေအနေတွင်ရှိဆဲပင် ။ လွတ်တော်တွင်ရှိနေသောတပ်မတော်၏ အခန်းဂဏ္ဍ ၊ ပါတီများ၏ အင်စတီကျု့များ ၊ ပြည်သူလူထု၏ နိုင်ငံကြီးသားပီသမှု့ များကား များစွာ စောင့်ကြည့်ဖွယ်ရာကောင်းနေသေးသည် ။

မည်သို့ပင်ဆိုစေကာမှု မြန်မာ့နိုင်ငံရေးဇတ်ခုံအား မင်းသားမင်းသမီး အစုံအလင်တင်ပေးခဲ့သော ဇတ်ဆရာသမ္မတကြီးအား ပွဲကြည့်ပရိတ်သတ်ပြည်သူများသာမက နိုင်ငံရေးသမားများ
ကပါ များစွာကျေးဇူးတင်ဖွယ်ရာကောင်းသည့် အချက်ကား မငြင်းနိုင်ချေ ။ ဟုတ်ပါသည် . . . သမ္မတကြီးအားအထုးပင်ကျေးဇူးတင်ရှိပါ၏ ၊ သို့သော် ဤ အကျိုးရလာဒ်များကား အလိုအလျှောက်
ရောက်စေသတည်းဟူ၍ ဥုံဖွ မန်းမှုတ်ပြီး ရောက်လာခဲ့သည်ကားမဟုတ် . . . အကျိုးနှင့်အကြောင်းဆက်စပ်နေသော ဤလောကကြီးတွင် အကျိုးရှိက အကြောင်း ၊ အကြောင်းရှိက အကျိုး ရှိ
ရမည်မှာ ဓမ္မတာပင်ဖြစ်လေသည်..။

No comments:

Post a Comment