Sunday, January 15, 2012

ချင်းပြည်နယ်-အိန္ဒိယ နယ်စပ်လမ်းတွင် ကားမှောက်၊ လူ ၄ဦးသေ၊ ၃၀ ဦးဒဏ်ရာရ

ချင်းပြည်နယ်-အိန္ဒိယ နယ်စပ်လမ်းတွင် ကားမှောက်၊ လူ ၄ဦးသေ၊ ၃၀ ဦးဒဏ်ရာရ

tedim-accident
တီးတိန်မြို့နှင့် လိုင်းတွီး အကြားရှိ လာမ်ဇန်ရွာမှ ၂ ဖါလိုအကွာ လမ်းကွေ့တစ်နေရာ လမ်းလည်ခေါင်၌ တိမ်းမှောက်နေသော ကားကိုတွေ့နေစဉ်။
ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် တီးတိန်မြို့မှ အိန္ဒိယနယ်စပ် တီအိုချောင်းရွာသို့ ခရီးသည်များနှင့် ကုန်ပစ္စည်း သယ်ဆောင်လာသော ဒိုင်နာ ကားတစ်စီးသည် လာမ်ဇန်ရွာအနီး လမ်းကွေ့တစ်နေရာတွင် တိမ်းမှောက်ခဲ့သည်ဟု သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာ နေရာသည် တီးတိန်မြို့နှင့် လိုင်းတွီး အကြားရှိ လာမ်ဇန်ရွာမှ ၂ ဖါလိုအကွာ


လမ်းကွေ့တစ်နေရာ လမ်းလည်ခေါင်၌ တိမ်းမှောက်ခဲ့ဟု နီးစပ်ရာ သတင်းရပ်ကွပ်အဆိုရ သိရသည်။
၎င်းအခင်းဖြစ်ပွားရာတွင် မိန်းမကြီးတစ်ဦးနှင့် ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်ခရီးသည်များမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။

"ဆုံးသွားတဲ့ နှစ်ယောက်နဲ့လူနာတွေကို တီးတိန်ပြည်သူ့ဆေးရုံကို သယ်နေတုန်းမှာပဲ အဲဒ်ီကားနောက်လိုက်တဲ့ကောင် (စပဲယာ)က တီးတိန်မရောက်မီမှာ ဆုံးသွားတယ်၊ ပြီးတော့ ညနေပိုင်းလောက်တော့ ယောက်ျားတစ်ဦး ဆုံးပြန်တယ် " ဟု တီးတိန်မြို့သားတဦးကပြောသည်။

သေဆုံးသူဦးရေ ၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ကျား၊ မ ပေါင်း ၃၀ ဦးသည်  တီးတိန်ပြည်သူ့ဆေးရုံတွင် ဆေးကုသနေသည်ဟု ၄င်းက ဆက်ပြောသည်။
tedim-accident1
တီးတိန်ပြည်သူ့ဆေးရုံက ကုသနေသော လူနာတဦးကို တွေ့မြင်ပုံ။

၎င်းကားသည် လိုင်းတွီးရွာသား ဦးကာခိုင်၏ ကားဖြစ်ပြီး ကားပေါ်တင်ထားသော ကုန်အလေးချိန်အားကြောင့် လမ်းကွေ့မှာ ယခုလိုတိမ်းမှောက်ရခြင်းဖြစ်နိုင်သည်ဟု ၎င်းနှင့် နီးစပ်သူများအဆိုရ သိရသည်။

သေဆုံးသူများဖြစ်သော ဦးနန်ခန့်လျန်း (လိုင်းတွီးရွာ)၊ ဒေါ်ဝုန်စန်းဒိမ်း (ဆွာန်ဇန်)၊ မောင်နောင်းဒင်းပဲဒ် (လူဆိုင်း)၊ ဦးတွောင်ခိုပေါင် (ဆွာန်ပီး) တို့၏အလောင်းများကို တီးတိန်ပြည်သူ့ဆေးရုံထားရှိခဲ့ပြီး စိုးရိမ်းရသည့် လူနာများကို ကလေးမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် တနလာင်္နေ့ ညနေ ၅ နာရီဝန်းကျင်တွင်လည်း  ၎င်းအခင်းဖြစ်ပွားသည့်နေရာ တီးတိန်မြို့နှင့် လိုင်းတွီး အကြားတွ

No comments:

Post a Comment