Wednesday, January 25, 2012

ပြည်တွင်း​စစ်ရပ်စဲ​ရေး​ ကြား​ဝင်​ဆောင်ရွက်မည်ဟု ​ဒေါ်​အောင်ဆန်း​စုကြည် ကမ်း​လှမ်း


by အံ့ဘုန်းမြတ်
တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်ပွား​နေတဲ့​ ပြည်တွင်း​စစ်ပဋိပက္ခ​တွေ​တွေအမြန်ဆုံး​ အဆုံး​သက်နိုင်ဖို့​နဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်​တွေမှာ ကိုယ်စွမ်း​ရှိသမျှ ကြား​ဝင်ကြိုး​ပမ်း​ဆောင်ရွက်ဖို့​ အသင့်​ရှိတယ်လို့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က အစိုး​ရနဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​အစည်း​တွေကို ​ပြောကြား​လိုက်ပါတယ်။



လူထု​ခေါင်း​ဆောင်တဦး​အ​နေနဲ့​ ကိုယ်တိုင် လက်မှတ်​ရေး​ထိုး​ပြီး​ ဒီက​နေ့​ပေး​ပို့​လိုက်တဲ့​ အိတ်ဖွင့်​ပေး​စာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က အခုလို ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။
ဒီအိတ်ဖွင့်​ပေး​စား​ကို နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်ထံကို​တော့​ တရား​ဝင်​ပေး​ပို့​ ပြီး​ဖြစ်​ပေမယ့်​ ကျန်တိုင်း​ရင်း​သား​ အဖွဲ့​အစည်း​တွေဖြစ်တဲ့​ ကချင်လွတ်လပ်​ရေး​အဖွဲ့​၊​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ မွန်ပြည်သစ်ပါတီနဲ့​ ရှမ်း​ပြည်တပ်မ​တော်စတဲ့​ အဖွဲ့​အစည်း​တွေကို​တော့​ ​ပေး​ပို့​ဖို့​ အခက်အခဲ ရှိ​နေတာ​ကြောင့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ သတင်း​ထုတ်ပြန်​ရေး​အဖွဲ့​ကပဲ ထုတ်ပြန်လိုက် ရတာဖြစ်တယ်လို့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။
“ကျ​နော်တို့​မှာ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​ ဆက်သွယ်ဖို့​အတွက် လမ်း​ကြောင်း​မရှိဘူး​ ဖြစ်​နေတယ်။ အဲဒီ​တော့​ ကျ​နော်တို့​ အဲဒါ​ကြောင့်​မို့​လို့​ အိပ်ဖွင့်​ပေး​စာကို​တော့​ ကျ​နော်တို့​ အဖွဲ့​ချုပ် ပြန်ကြား​ရေး​ကပဲ ထုတ်လိုက်ရတယ်။ အဲဒီ​တော့​ သက်ဆိုင်ရာ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေအ​နေနဲ့​ ဒီ​ကြေညာချက်ထဲမှာ ပါတဲ့​အတိုင်း​ပေါ့​ဗျာ ​ဆောင်ရွက်ကြပါလို့​ အဲဒီလို ​မေတ္တာရပ်ခံထား​ပါတယ်။”
ဒီက​နေ့​ထုတ်ပြန်လိုက်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အိတ်ဖွင့်​ပေး​စာထဲမှာ​တော့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အစည်း​တွေနဲ့​ တပ်မ​တော် ကြား​ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေ​ကြောင့်​ နှစ်ဘက် ​သေ​ကျေဆုံး​ရှုံး​ ပျက်စီး​မှု​တွေကို ဝမ်း​နည်း​ဖွယ် ​တွေ့​မြင်​နေရတဲ့​အပြင် နိုင်ငံပိုင်အ​ဆောက်အဦ​တွေ၊​ စီမံကိန်း​လုပ်ငန်း​တွေလည်း​ ပျက်စီး​မှု​တွေ အများ​အပြား​ ​တွေ့​မြင်​နေရ​ကြောင်း​၊​ ဒီပဋိပက္ခ​တွေ​ကြောင့်​ တိုင်း​ရင်း​သား​ပြည်သူအများ​အပြား​ဟာလည်း​ အတိဒုက္ခများ​စွာနဲ့​ အိမ်နီး​ချင်း​နိုင်ငံ​တွေကိုပါ ကူး​စက်ပျံ့​နှံ့​တော့​မယ့်​ အန္တရာယ်ရှိ​တွေပါ ရှိလာပြီလို့​လည်း​ သတိ​ပေး​ပြောကြား​ထား​ပါ တယ်။
ဒါ့​အပြင် ဒီပြဿနာ​တွေကို အင်အား​သုံး​ ​ဖြေရှင်း​ကြမယ်ဆိုရင်လည်း​ နှစ်ဦး​နှစ်ဘက် အကျိုး​ ဆုတ်ယုတ်မှု​တွေသာ ဖြစ်​ပေါ်လာနိုင်တာ​ကြောင့်​ ​ဆွေး​နွေး​ညှိနှိုင်း​ခြင်း​နဲ့​သာ ပြည်​ထောင်စုကြီး​ရဲ့​ အနာဂတ်အတွက် အာမခံချက်ရှိတဲ့​ တိုင်း​ရင်း​သား​သွေး​စည်း​ညီညွတ်​ရေး​ကို ရရှိနိုင်မယ့်​လို့​လည်း​ ​ဒေါ်​အောင် ဆန်း​စုကြည်က တိုက်တွန်း​ထား​ပါတယ်။
ဒါ​ကြောင့်​ တဦး​နဲ့​တဦး​၊​ တဖွဲ့​နှင့်​တဖွဲ့​ အပြန်အလှန်နား​လည်မှု၊​ ယုံကြည်​လေး​ စား​မှု​တွေနဲ့​ ​ဖြေရှင်း​ကြမယ်ဆိုရင် ​ပြေလည်မှုရရှိပြီး​ တည်ငြိမ်း​အေး​ချမ်း​ နိုင်လိမ့်​မယ်လို့​လည် ​ဒေါ်​အောင်ဆန်း​ စုကြည်က ဆိုပါတယ်။
ဒီလိုတိုင်း​ပြည် တည်ငြိမ်​အေး​ချမ်း​မှသာ တိုး​တက်ဖွံ့​ဖြိုး​ရေး​ လုပ်ငန်း​တွေကို ​အောင်မြင်စွာ​ဆောင်ရွက်နိုင်မယ်လို့​လည်း​ ​ပြောကြား​ထား​ပါတယ်။
ဒါ့​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်က ပဋိပက္ခ​တွေကို ငြိမ်း​ချမ်း​စွာ​ဖြေရှင်ကြဖို့​နဲ့​ အမြန်ဆုံး​ အပစ်အခတ်ရပ်စဲကြဖို့​ ​မေတ္တာရပ်ခံထား​သလို အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်​တွေကို ပံ့​ပိုး​ဖို့​အတွက် ကိုယ်စွမ်း​ရှိသမျှ ပါဝင်ကြိုး​ပမ်း​ဆောင်ရွက်ဖို့​ အသင့်​ရှိတယ်လို့​လည်း​ ​ဖော်ပြကမ်း​လှမ်း​ ထား​တာ ဖြစ်ပါတယ်။
ဒီလို ကမ်း​လှမ်း​ လိုက်တဲ့​အ​ပေါ် လက်ခံခြင်း​ မခံခြင်း​ဟာ အစိုး​ရသစ်​ပေါ်မှာသာ မူတည်မယ်လို့​လည်း​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။
“​ဆွေး​နွေး​ဖြေရှင်း​ဖို့​အတွက် သူ့​ဘက်က စေတနာ​ ပါဝင်ပြီး​တော့​ ​ဆောင်ရွက်နိုင်တယ်ဆို​တော့​ ဖြစ်​ပေါ်လာတဲ့​ အ​ခြေအ​နေ အ​ပေါ်မှာ ပါဝင်ပြီး​တော့​ ​ဆောင်ရွက် ချင်တယ်ဆိုတဲ့​ သ​ဘောပါပဲ။ ဘယ်လိုဖြစ်လာမလဲ အ​ခြေအ​နေက​တော့​ မ​ပြောတတ်ဘူး​။”
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင် ​ပြောကြား​ခဲ့​တာပါ။ ဒီအ​ပေါ်ကို သမ္မတ ဦး​သိန်း​စိန်ရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​ခေါင်း​ဆောင် ဦး​ကိုကိုလှိုင်က အခုလိုသုံး​သပ်​ပြောကြား​ ထား​ပါတယ်။
“ဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ဆုံး​ဖြတ်မှာက​တော့​ သူတို့​ အစိုး​ရအဖွဲ့​ကပဲ ဆုံး​ဖြတ်မယ့်​ အ​နေအထား​ ရှိပါတယ်။ ကျ​နော်တို့​အ​နေနဲ့​ ဘာမှ ပါဝင်ပတ်သက်ခွင့်​ မရှိပါဘူး​ခင်ဗျ။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​နဲ့​ ပတ်သက်လို့​က​တော့​ ကျ​နော်တို့​ အကုန်လုံး​ပေါ့​နော် အား​လုံး​က ညီညီညွတ်ညွတ်နဲ့​ ကိုယ့်​လူ ကိုယ့်​အချင်း​ချင်း​ ဖြစ်​နေကြတဲ့​ ပြဿနာဟာ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ပြီး​သွား​ရင် အ​ကောင်း​ဆုံး​ပါပဲ။ နိုင်ငံ​ရေး​ ကိစ္စ​တွေက နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ ​ဖြေရှင်း​တာ အ​ကောင်း​ဆုံး​ပဲ ဆိုတာ​တော့​ အား​လုံး​ကလည်း​ ခံယူထား​ပါတယ်။ အစိုး​ရပိုင်း​က​ရော လက်နက်ကိုင် ပြီး​တော့​မှ ဖြစ်​နေကြတဲ့​ အဖွဲ့​တွေက​ရော သူတို့​လည်း​ပဲ ဒီလို သ​ဘောထား​ပဲ ရှိတယ်လို့​ သူတို့​ ​ပြော​နေတဲ့​ စကား​တွေအရလည်း​ပဲ သိပါတယ်။ ​နောက်​တော့​ အ​ရေး​ကြီး​တာက​တော့​ ကိုယ့်​ညီအစ်ကို ​မောင်နှမ​တွေအား​လုံး​ စုပြီး​တော့​မှ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်း​နှိုင်း​နဲ့​ လိုက်လိုက်​လျော​လျော အ​ပေး​အယူ​လေး​တွေ ဖြစ်လာလို့​ရှိရင် ဒီကိစ္စ ​ပြေလည်သွား​မယ်လို့​ ကျ​နော်က​တော့​ ယူဆပါတယ်။ အရင်တုန်း​က​တော့​ မျဉ်း​ပြိုင်သွား​နေတဲ့​ မျဉ်း​ကြောင်း​ ၂ ​ကြောင်း​ပေါ့​ဗျာ။ အခုက​တော့​ တ​နေ့​ကပဲ ဝန်ကြီး​ ဦးအောင်ကြည်နဲ့​ ​တွေ့​ဆုံတဲ့​အခါမှာ ထိစပ်မှု​တွေ ရှိပါတယ်။ ​နောက်လည်း​ ဆက်ပြီး​တော့​ ​ဆောင်ရွက်ဖို့​တွေလည်း​ပဲ ရှိ​သေး​တယ် ဆိုပြီး​တော့​မှ ဆက်ဆံ​ရေး​ ဝန်ကြီး​ပေါ့​နော် ဦး​အောင်ကြည် ကိုယ်တိုင်ကလည်း​ ​ပြောသွား​တယ်။ ​ပြောသွား​တယ် ဆို​တော့​ ​ရှေ့​ဆက်ပြီး​တော့​ တိုင်း​ပြည်​ကောင်း​ဖို့​ပေါ့​ ပြည်သူလူထု​တွေ အား​လုံး​ ​ကောင်း​မွန်ဖို့​၊​ ဖွံ့​ဖြိုး​ဖို့​၊​ တိုး​တက်ဖို့​၊​ ​အေး​ချမ်း​ဖို့​ အကုန်လုံး​အတွက်ပါ ဆက်ပြီး​တော့​မှ ပူ​ပေါင်း​ဆောင်ရွက်သွား​နိုင်မယ့်​ အခွင့်​အလမ်း​တွေ အများ​ကြီး​ ရှိလာလိမ့်​မယ်လို့​တော့​ ကျ​နော်တို့​က​တော့​ ​မျှော်လင့်​ပါတယ်ခင်ဗျ။”
လက်ရှိအ​ခြေအ​နေမှာ​တော့​ တိုင်း​ရင်း​သား​ဒေသပဋိပက္ခ​တွေနဲ့​ပတ်သက်ပြီး​ ကချင်လွတ်​မြောက်တပ်မ​တော် ​ကေအိုင်​အေနဲ့​ အစိုး​ရကြား​ ယာယီအပစ်ရပ်ကြဖို့​ အစိုး​ရဘက်က ကမ်း​လှမ်း​မှု​တွေ ရှိ​နေ​ပေမယ့်​ ​ကေအိုင်​အေက​တော့​ တနိုင်ငံလုံး​ အတိုင်း​အတာ​ဆောင်တဲ့​ အပစ်ရပ်မှုမျိုး​ကိုသာ လိုလား​ကြောင်း​ တုံ့​ပြန်ထား​ပါတယ်။
ဒါ့​အပြင် ဒီပဋိပက္ခ​တွေနဲ့​ ပတ်သက်ပြီး​ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေကလည်း​ ငြိမ်း​ချမ်း​ရေး​ကော်မတီ တရပ်ဖွဲ့​စည်း​လုပ်​ဆောင်ဖို့​ အစိုး​ရသစ်ကို တိုက်တွန်း​ထား​ကြပါတယ်။

No comments:

Post a Comment