Sunday, January 15, 2012

မင်ခံခွက်များ

မင်ခံခွက်များ


အရာထင်အောင် ပုံဖော်ပေးခဲ့ပေမယ့်


ကိုယ်တိုင်က အရာမထင်ခဲ့ပါ


အဖိအနှိပ် များလွန်းတဲ့ ဇာတာမှာ


ပေလို့ စုတ်လို့


ပေပေစုတ်စုတ် မို့ ထုတ်ဖယ်


လျှာနှစ်ခွ နဲ့ မြွေလို အရေခွံလဲတဲ့ ကနန်း


မျဉ်းကျားမှာ မကြုံချင်တဲ့ လျှပ်တစ်ပြက်ဟန် ဖြစ်ခဲ့


နေရာ အမျိုးမျိုးမှာ ထင်ရှားဖို့


မျက်နှာကို အရောင် ဆိုးလို့


ကိုယ်ပိုင်အမှတ်တွေ ရဲ့ ခြေရင်းမှာ


မည်း ၊ ကွဲ ၊ တွန့် ၊ ကြေ ... ... ။

No comments:

Post a Comment