Sunday, January 15, 2012

ဂျပန် ပြည်ရောက် သခင်အောင်ဆန်း

ဂျပန် ပြည်ရောက် သခင်အောင်ဆန်း
ပြည်ပဆက်ဆံ၊ တာဝန်ခံဖြင့် ၊ တော်လှန်ရေး တွက် ၊ အသက် သေသေ ၊ အရေ ခန်းခန်း ၊
စွန့်စားခန်း ပေါ့ ၊ အောင်ဆန်း ဗိုလ်ချုပ် ၊ လ သြဂုတ် မှာ ၊ တရုတ် ဟန်သွင် ၊ ခံ အိုင်တင် နှင့် ၊
ထင်ထင် ရှစ်ရက် ၊ ပြည်မှ ထွက်လို့ ၊ စက်သင်္ဘောခေါ် ၊ ``ဟိုင်လီ ´´ ပေါ်၌ ၊ စေဖော် လုပ်သား ၊
မီးထိုး လားသို့ ၊ လိုက်သွားပြီးနောက် ၊ ဂျပန် ကို ရောက်ပါလေရော့တော် ... ။
တခေါက် မြန်မာ ၊ ပြန်လာရာတွင် ၊ သွားမှာ အတု ၊ ခေါခေါ ပြုလို့ ၊ သူဟု တတ်အပ် ၊ ဘယ်သူ
မှတ်လိမ့် ၊ ပါးနပ်ပိပိ ၊ ရောက်တုံ ဘိသော်၊ သတိ ချွန်းချိတ် ၊ တိုးတိတ်တိတ် ဖြင့်၊ သုံးကျိပ် ရဲဘော်၊
ခေါင်းဆောင်ခေါ်ပြီး ၊ ကျွန်းမော် ``ဟိုင်နမ်´´၊ တော်လှန် ရန် ဟု ၊ ကိုယ်ခံ အလွှာ ၊ စစ်ပညာကို ၊
လေ့လာ ဆည်းပူးကြပါတယ် ။

No comments:

Post a Comment