Thursday, January 26, 2012

ဒီမိုကရေစီအတွက် ရုန်းကန်ကြ

မှတ်ချက်။။ ဒီမိုကရေစီအတွက် ရုန်းကန်ကြဟူးသော ခေါင်းစဉ်ဖြင့်ရေးသားထားသော ဒီစာစဉ်သည် စာပေဗဟုသုတ ရှာလိုသော ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါတယ်။ စာရေးသူ မျိုးသန့်။


ဒီမိုကရေစီအတွက် ရုန်းကန်ကြ




၁၉၈၈ခုနှစ်ကျောင်းသားလူငယ်များ
မှ စတင်ပြီး၊တစ်ပါတီအာဏာရှင်စနစ်ကို ဆန်ကျင်သော (၈) လေးလုံးပြည်သူ့ လူပ်ရှားမှုကြီးကို မြန်မာနိုင်ငံသမိုင်းတွင်သာမက ကမ္ဘာသမိုင်းတွင် မော်ကွန်းတင် ရသည်အထိဖြစ်ခဲ့ရတယ်။ နောက်ပိုင်းတွင် နိုင်ငံတကာက အသိအမှတ်ပြု အလေးထားလာသော ဒီလူပ်ရှားမှုကြီးကို မြန်မာ့ဒီမိုကရေစီရေးလူပ်ရှားမှုဆိုပြီးတော့ ထင်ရှားလာတော့တယ်။


ဒီနေရာမှာ အဓိကအချက်က ဘာကြောင့် ဒီမိုကရေစီကို ပြည်သူများက တောင်းဆိုခဲ့ကြသလဲ။ ဒီအတွက် အသက်တွေ ဘ၀တွေ ပေးဆပ်နေခဲ့ရတယ်၊ ပေးဆပ်နေရဆဲ၊ ဆက်လက်ပြီးတော့ ပေးဆပ်ရန် အဓိဌာန်ချထားသူတွေရှိနေကြဆဲဖြစ်တယ်၊ ဘာကြောင့်လဲ။ အဖြေကရှင်းပါတယ်။ အာဏာရှင်စနစ်ကို လုံးဝဥဿုံ လက်မခံနိုင်သောကြောင့်ဖြစ်တယ်။

နိုင်ငံရေး သိပ္ပံဘာသာရပ်အရ ပြန်ကြည့်လျင်- ဒီမိုကရေစီစနစ်နှင့် အာဏာရှင်စနစ်- အဲဒီ စနစ်(၂)ခုသည် အဖြူနှင့်အမဲလိုပါဘဲ။ တစ်ခုနှစ် တစ်ခုဆန်ကျင်ဘက်ဖြစ်နေသောကြောင့် ရောစပ်၍ မရပေ။

အာဏာရှင်စနစ်ကို မလိုလားလျင် ဒီမိုကရေစီစနစ်ကို ပြည်သူများက လိုလားနေတယ်၊ဆိုဒါပါဘဲ။ အဲဒီအချက်ကို ၁၉၈၈တွင် တစ်ကြိမ် ပြည်သူများက မိမိတို့ဆန္ဒကို လမ်းပေါ်ထွက်ပြီး ပြသခဲ့တယ်။

နောက်ပြီးတော့ ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နောက်တစ်ကြိမ် ထပ်မံ၍ မိမိဆန္ဒမဲပေးပြီး မဲရုံများမှ တဆင့် တရားဝင်ပြသခဲ့တယ်။ အဲဒီပြည်သူ့ဆန္ဒကို မည်သို့သော အမိန့်အာဏာတွေဖြင့် ဖုံးဖိထား၍ မရပေ။ မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာသမိုင်းတွင်ထာဝရမော်ကွန်းတင် ကျန်ရစ်ပေတော့မယ်ဖြစ်တယ်။

ဒီနေရာတွင် ဒီမိုကရေစီနှင့်ပတ်သတ်သော စာအုပ်စာပေများစွာ ရှိနေသည်ကို ကျွန်တော်အနေဖြင့် သိရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အတွေ့အကြုံ၊ အမြင်နှင့် လေ့လာထားမှုအပေါ် အခြေခံပြီး၊ မျက်မှောက် မြန်မာ့နိုင်ငံရေးနဲ့ စပ်ဆက်ပြီး ရေးသားရန်၊ ဆန္ဒဖြစ်လာသောကြောင့် ယခုလို ရေးသားရခြင်းဖြစ်သည်ကို ၀န်ခံပြောပါရစေ။

ဒီမိုကရေစီအတွက်ရုန်းကန်ကြသည်မှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကြီးအတွင်းမှာ-နှစ်ပေါင်းရာထောင်ကျော်ကြာကာလကပင် အာဏာရှင်စနစ်ကို တော်လှန်ပြီး၊ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်မှုများရှိခဲ့ကြပါတယ်။ ကမ္ဘာသမိုင်းရေးရာ စာအုပ်စာပေများနဲ့၊ တစ်ခြားသော သမိုင်းရေးဆိုင်ရာ အတောက်အထားများကို ထင်ရှားစွာတွေ့ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက်-ပါလီမန်ဒီမိုကရေစီစနစ်ကို ၁၉၄၈မှ ၁၉၆၂အထိ ၁၄နှစ်လောက် ကျင့်သုံးခဲ့သည်ကိုလည်းတွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် ၁၉၆၂ခုနှစ်မှာ စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် တစ်ပါတီအာဏာရှင်စနစ်ဖြင့် (၂၆)နှစ်ကြာ အုပ်ချုပ်လာခဲ့တယ်။

၁၉၈၈ခုနှစ်တွင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးနောက် နိုင်ငံသစ်တွေထဲမှာ အထူးသဖြင့် အရှေ့တောင်အာရှမှာ စံပြုနိုင်လောက်သော နိုင်ငံတစ်ခုကနေ ကမ္ဘာပေါ်တွင်အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံတစ်ခုအဖြစ်သို့ ရောက်သွားရတော့တယ်။ ပြည်သူလူထုအတွက်မှာတော့ အထွေထွေအကျပ်အတည်းတွေနဲ့ တွေ့ကြုံလာရတယ်။

ထိုသို့သောနောက်ခံအခြေအနေများအောက်တွင် ဒီမိုကရေစီရေးရရှိရေး ပြည်သူ့လူထုလှုပ်ရှားမှုကြီးကို ကျောင်းသားလူငယ်တွေက စတင်ပြီးတော့ ရဟန်းသံဃာ၊ တောင်သူလယ်သမား၊ ၀န်ထမ်း၊အလုပ်သမားများအပါအ၀င် လူထုလူတန်းစား အလွှားစုံပါဝင်လာသော လူထုလုပ်ရှားမှုကြီးတရပ် ပေါ်ပေါက်လာရတော့တယ်။

၁၉၈၈ခုနှစ်(၈)လေးလုံးဒီမိုကရေစီရေးရရှိရေး ပြည်သူ့လူထုလှုပ်ရှားမှုဟု ထင်ရှားလာစေသောမြင်ကွင်းများမှ မြင်ကွင်းတစ်ရပ်

ဒီမိုကရေစီကို အတွေးအခေါ်ပညာရှင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သာမန်ပြည်သူတွေ နှစ်ပေါင်းများစွာကပင် သဘောတူလက်ခံထားသော အချက်တစ်ချက်မှာ- တစ်မြေတည်းအတူနေထိုင်သူများ၊ လူမျိုး-ဘာသာ-အယူအဆ-အလုပ်အကိုင်-အကျိုးစီးပွား-တူညီသောလူများစသည်တို့အတွင်းတွင် အစိုးရတရပ်ရယ်လို့ရှိနေစေရေးဖြစ်တယ်။

အစိုးရတရပ်ကို ယေပူယျနားလည်းထားကြဒါက- ဥပဒေတွေကို ပြဌာန်းပြီး၊ ပြည်သူတွေ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးခြင်း၊ ပြင်ပမှ အန္တာရယ်တွေကို ကာကွယ်ပေးခြင်း၊ ပြည်သူတွေအတွက် ကောင်းမွန်သော လမ်းများဖေါက်လုပ် တံတားများဆောက်လုပ်ပေးရေး၊ ပတ်ဝန်းကျင်းသန့်ရှင်းစင်ကြယ်ရေးနှင့် ရေကောင်ရေသန့်များရရှိ သောက်သုံးနိုင်ရေး စသည်တို့ကို အနည်းဆုံး ဆောင်ရွက်ပေးရမည်ဖြစ်တယ်။

အကယ်၍ အစိုးရတစ်ရပ်ရယ်လို့ ရှိရန်လိုအပ်တယ်ဆိုလျင် မေးခွန်းများစွာ အသေအချာထွက်လာမည်၊ ဒီအတွက် အဖြေများလည်းရှိနေရမှာဖြစ်တယ်။

ဘယ်သူတွေက အစိုးရတာဝန်ကို ယူကြမည်နည်း။ ထိုသူတွေက ဘယ်လိုလုပ်ပြီး၊ ပြည်သူ့ အကျိုးစီးပွားအတွက် အုပ်ချုပ်ကြမည်နည်း။ အစိုးရတရပ်အနေဖြင့် ပြည်သူများက ယုံကြည်လေးစားလိုက်နာလိုသော မူဝါဒများ၊ဥပဒေများကို ဘယ်လိုချမှတ်ကြမည်နည်း။ ဘယ်လို အစိုးရပုံစံမျိုးကို လိုလားသနည်း။ ဒီအတွက် အဖြေကိုတော့ ဒီမိုကရေစီ ဟု- လွယ်လွယ်ကူကူဖြေကြမှာဖြစ်တယ်။

ဒီမိုကရေစီ၏ အဓိကကျသော ပင်ကိုအရည်အသွေးတရပ်က သာမန်ပြည်သူတွေအနေဖြင့် မိမိတို့ကိုယ်တိုင် ပြန်ပြီးတော့ အုပ်ချုပ်ခြင်းနဲ့ မိမိတို့အကျိုးကို မိမိကိုယ်တိုင် ကာကွယ်နိုင်ခြင်းတို့ကြောင့် ဒီမိုကရေစီကို လူကြိုက်များလာကြတယ်။

များစွာသော နိုင်ငံရေးရာ စဉ်စားတွေးခေါ်သူတွေက ဒီမိုကရေစီသည် နိုင်ငံရေးအဖွဲ့အစည်းများအတွက်လည်း သာမန်ထက် သာလွန်ကောင်းမွန်စွာ အကျိုးရှိတယ်လို့ ဆိုကြတယ်။

တစ်ချို့က ပြောကြတယ်- ဒီမိုကရေစီနည်းဖြင့် အစိုးရကို ဖွဲ့စည်းထားသောကြောင့် လူ့အခွင့်အရေးများကို အကောင်ဆုံး ကာကွယ်ပေးနိုင်ခြင်းဖြစ်တယ်။ ဘာကြောင့်ဆိုတော့ လူသားတွေရဲ့ မွေးရာပါအရည်အချင်းတွေကို အသိအမှတ်ပြုမှုအပေါ် အခြေခံထားသောကြောင့်ဖြစ်တယ်။

အခြားသူတွေက ဒီမိုကရေစီနည်းဖြင့် အစိုးရကို ဖွဲ့စည်းထားသောကြောင့် ပြည်သူအများ၏ ဆန္ဒအစစ်အမှန်ကို ရောင်ပြန်ဟတ်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်တယ်ဟု ယုံကြည်ကြတယ်။

အခြားသော စဉ်စားကြသူတွေက ဒီမိုကရေစီစနစ်ကျင့်သုံးကြလျင် တည်ငြိမ်မှုကို ရေရှည်ထိမ်းထားနိုင်တယ်ဟုဆိုကြတယ်။ ဘာကြောင့်ဆိုတော့ ပြည်သူက သူတို့ကိုယ်တိုင် သူတို့ ယုံကြည်သောသူများကို ရွေးကောက်ထားသောကြောင့်ဖြစ်တယ်။

ဒီမိုကရေစီသည် စီးပွားရေးဖွံးဖြိုးတိုးတက်ကောင်မွန်ရေးကိုလည်း အထောက်အကူပြုထားနိုင်တယ်။ ဆိုလိုဒါက စီးပွားရေးနှင့် သက်ဆိုင်သော အချက်အလက်များကို လွတ်လပ်ခိုင်မာစွာ ဖေါ်ထုတ်အသုံးချနိုင်သောကြောင့်ဖြစ်တယ်။


ဒီမိုကရေစီသည်မူရင်းအဓိပ္ပါယ်တွင်-ဂရိဘာသာအရ ဒီမိုဆိုသည်မှာ ပြည်သူ့၊ ကရေစီဆိုဒါက အုပ်ချုပ်ရေး ဟု အဓိပ္ပါယ်ရတယ်၊ ဆိုလိုသည်မှာ ပြည်သူ့ အုပ်ချုပ်ရေး ဖြစ်တယ်။ အာဏာ၏ မူလပိုင်ရှင်သည် ပြည်သူသာလျင်ဖြစ်၍ ပြည်သူနဲ့အာဏာဟာ ဒင်္ဂါပြားက ခေါင်းနဲ့ပန်းလို ခွဲခြားထား၍ မရသော အရာဖြစ်တယ်။

ပြည်သူသာလျင် အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောကြောင့် သူတို့ဆန္ဒအရ လိုသလို ကျင့်သုံးနိုင်ရေးဖြစ်တယ်။ မြန်မာလို ဆီလျော်အောင်ထပ်ပြန်ဆိုလျင် ပြည်သူ့အာဏာဖြင့် ပြည်သူကိုယ်တိုင် အုပ်ချုပ်သော စနစ်ဖြစ်တယ်။ ဒီမိုကရေစီ၏သဘောမှာက လူအများစု၏ ဆန္ဒဖြင့် အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်ဖြစ်နေသောကြောင့် လူနည်းစု၏ဆန္ဒကို ဆန်ကျင်သော သဘောတော့ရှိဒါပေါ့။

ခရစ်တော်မပေါ်ခင် ဘီစီ(၄)(၅)ရာစုနှစ်လောက်မှာ ဂရိတွင် မြို့ပြနိုင်ငံများစွာပေါ်ပေါက်ခဲ့တယ်။ အဲဒီ ထဲမှာ ဘီစီ(၅၀၈)လောက်က
အေသင်မြို့ပြနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့ကြတယ်ဟု ဆိုကြတယ်။အနောက်ကမ္ဘာ၏ ယဉ်းကျေးမှုပေါ်ထွန်းခဲ့သောနေရာ တစ်ခု(သို့မဟုတ်) ဒီမိုကရေစီစနစ်ကို မွေးဖွားပေးခဲ့သော နေရာတစ်ခုအဖြစ် ကမ္ဘာသမိုင်းသမိုင်းတွင် ထင်ရှားလာတော့တယ်။

အေသင်မြို့ပြနိုင်ငံဟောင်း၏ မြင်ကွင်းတစ်ခု
http://upload.wikimedia.org/wikipedia/commons/9/9a/Acropolis_%28pixinn.net%29.jpg

နောက်ပြီး ဒီမိုကရေစီကို ယေပူယျအဓိပ္ပါယ်ဖွင့်ဆိုကြရာမှာ မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ခြင်းဖြစ်တယ်။ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ရေးဆိုဒါဟာ လူ့အဖွဲ့အစည်းတရပ်တွင် အရေးကြီးဆုံးဖြစ်သော နိုင်ငံရေးဆိုင်ရာကိစ္စအရပ်ရပ်တို့တွင်
နိုင်ငံသူနိုင်ငံသားများက မိမိတို့ ဆန္ဒအရ လွတ်လပ်စွာပါဝင် ဆုံးဖြတ်နိုင်ခွင့်ရှိဖို့လိုအပ်တယ်။ အဲဒီထဲမှာ လူမှုရေးရာကိစ္စတွေ၊ စီးပွားရေးရာကိစ္စတွေ၊ ယဉ်ကျေးမှု့နှင့်သက်ဆိုင်သော အခြေအနေများအားလုံး အကျုံးဝင်နေတယ်။

ဒီမိုကရေစီရေးရာတွင် ပြည်သူ့အာဏာသည် ဒီမိုကရေစီစံနစ်၏ အခြေခံအကျဆုံးကိစ္စတရပ် အဖြစ်တည်ရှိနေတယ်။ နောက်ပြီး လွတ်လွပ်မှုသည် ဒီမိုကရေစီစံနစ်တွင် မရှိမဖြစ်လိုအပ်နေသော အချက်တစ်ခုဖြစ်နေပြန်တယ်။ လွတ်လွပ်မှုမရှိလျင် ဒီမိုကရေစီ မရှင်သန်နိုင်တော့ပေ။

လူအများလက်ခံထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်ရယ်လို့ တိတိကျကျမရှိထားပေမယ့်၊ ဒီမိုကရေစီဟာ နိုင်ငံရေးရာကိစ္စအဖြစ်သာမက လူသားတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ ဂုဏ်သိက္ခာတို့ကို အသိအမှတ်ပြုလေးစားမှုနဲ့ အလိုဆန္ဒတို့ကိုဖြည့်ဆီပေးနိုင်မှုတွေဟာ
လိုအပ်ချက်များအဖြစ်ဖြစ်လာတယ်။

ရှေ့ဂရိခေတ်အခါမှာပင် တည်ရှိနေသော တန်းတူညီမျှခြင်းနဲ့လွတ်လွပ်ခြင်းတို့သည် ဒီမိုကရေစီ၏ ထူးခြားသော ဂုဏ်အင်္ဂါများအဖြစ် ဖြစ်နေပြီး၊ အဲဒီအခြေခံကျသောမူတွေက နိုင်ငံသားအားလုံးကို ဥပဒေအောက်တွင် ညီမျှမှုနဲ့ ဥပဒေပြုမှုတို့တွင် ညီမျှစွာပါဝင်နိုင်ခြင်းတွေဟာ မရှိမဖြစ်လိုအပ်နေတယ်။

ဆက်ရန် မျှော်.....

No comments:

Post a Comment