Tuesday, January 24, 2012

ပုသိမ်ထောင်ကနေ လွတ်လာတဲ့ ဇိုမီး (ချင်း) လူငယ် ၂ ဦး ကလေးမြို့ လူထု ၃၀၀၀ လောက်ကြိုဆို (ရုပ်/သံ)


 
ရွေဝါရောင် ၂၀၀၇ တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက် လူငယ်အဖွဲ့ဝင် နှစ်ဦးဟာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး အခုလ ၁၃ ရက်က လွတ်လာခဲ့ပါတယ်။ သူတို့ဟာ ပုသိမ်ကနေ ရန်ကုန်မှတဆင့် လေယဉ်နဲ့ ကလေးမြို့ ကို  ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်နဲ့အတူ ပြန်လာခဲ့ပါတယ်။
သူတို့ကို ကလေးမြို့နယ် အခြေစိုက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ ဝင်တွေ၊ ဇိုမီး ကွန်ဂရက်အဖွဲ့ဝင်တွေ၊ ချင်းတိုးတက်ရေးပါတီနဲ့ ပြည်သူလူထု ထောင်ချီပြီး လေဆိပ်မှာ လာကြိုကြပါတယ်။ လေဆိပ်ကနေ ပူကျင့်ရှင်းထန် အိမ်အရောက် ကလေးမြို့လယ် ဗိုလ်ချုပ်လမ်းမကြီးတလျှောက် ကား ဆိုင်ကယ်တွေနဲ့ ပြည်သူတွေက ကြိုဆိုလိုက်ပါခဲ့ကြပြီး အာဏာပိုင်တွေဘက်က ယာဉ်ထိန်းရဲတွေ လုံခြုံရေးအဖွဲ့တွေကလည်း လမ်းရှင်းပေးခဲ့ပါတယ်။

No comments:

Post a Comment