Monday, January 23, 2012

“အမျှဝေရအုံးမယ်”

“အမျှဝေရအုံးမယ်”


ပြည်တခွင် သာစေကြောင်းရယ်လို့
ထီမထင် ဇာနည်အပေါင်းတွေရဲ့
ဒေါင်းတွန်သံက ဘ၀ဂ်ညံ။


အင်း… သခင်မာန် သခင်ဟန်တွေနဲ့
ဒေါင်းအလံကို ဗြောင်းဆန်အောင်လွှင့်လို့ထူတဲ့
ကျောင်းဇာနည်အမျိုးတွေကိုပ
စစ်ခွေးငမိုက်တွေ ၀ိုင်းကိုက်ခဲ့ကြပေါ့
ရိုင်းလိုက်တဲ့ ဒီဖြစ်အင်ကို
တွေးမြင်ကာ ရင်မချိပြီမို့
စာဆိုက၀ိလည်း တင်းမိခဲ့ဒီမာန်။


“လွတ်လပ်မှ အမျှဝေပါ” တဲ့
ဆွေသဟာတွေရဲ့စကားကိုလ
ခုနေခါ ကြားကြရလျှင်ဖြင့်
အကိုတို့နား ခါးရှာကြရော့ထင့်
(သြော်…) ဒီမိုကရေစီခရီးကလည်း ဖင့်ပြီမို့။


ဆယ်စုနှစ်ခု သုံးနှစ်တိုးခဲ့ပါပေါ့
မရိုးနိုင်တဲ့ အရေးတော်ပုံကြီးကိုဖြင့်
ကြိမ်ဖန်ခါ မျှော်လို့မှန်းမိရဲ့
လွတ်လမ်းဟာ ဝေးနေဆဲပေမို့
အတွေးချော်ကာ ဘေးထွက်ထိုင်ငိုင်မနေကြပါနဲ့
အရေးတော် အမြန်ဆုံးစေဖို့
(မောင်တို့ရေ) စုကာရုန်းကြပါစို့။

No comments:

Post a Comment