Sunday, January 15, 2012

တောချောက်သံတွေကြားလား … အချစ်ရေ ပြေး …

တောချောက်သံတွေကြားလား … အချစ်ရေ ပြေး …

လင်္ကာဒီပချစ်သူ ဇာတ်သိမ်းခန်းထဲကလို

အားလုံး ... အားလုံး ဟာ

ပြီးဆုံးသွားပါပီ ရာဝဏ ရယ်လို့ပဲပြောရမလား....။

ဗိုလ်အောင်ဒင် ထဲကလို

ဒီမယ်ရာမ ..လွယ်သလား ခက်သလား ..ပြောစမ်း...

ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ

ပစ်ရင် ဒီလိုမှန်အောင်ပစ်ရတယ်ကွလို့  ပဲပြောရမလား...

ဆရာဒဂုန်တာရာရဲ့ မေ ၀တ္ထုဇာတ်သိမ်းလို

အကောင်းကို ရှာ၏၊ အကောင်းကားမရှိတော့ပြီ … လို့ဆိုရမလား …

ဆရာဗန်းမော်တင်အောင်ရဲ့ စာသားလို

ကျနော်ကရော ဘာများတတ်နိုင် ဦးမည်နည်း … လို့ဆိုရမလား …

အသင်လောက …ငါ မှ ငါ ဆိုတဲ့ဇောတွေ

သံသရာမှာနွံနစ် ဘ၀တဏှာမှာ တွယ်ရစ်နေတဲ့စိတ်တွေနဲ့ 

အိပ်လာခဲ့တာ တဘ၀စာ ကြာခဲ့ပီးမှ

အိပ်လို့ကာင်းနေတုန်း အတင်းလှုပ်နှိုးသလိုမျိုး

ဘာခုမှကြောက်ပါပီလဲ…

တောချောက်သံတွေကြားလား

အချစ်ရေ ပြေး ပြေး လွတ်အောင်ပြေး …..



ရုန်းထွက်ဘို့ ကြိုးစားတာတွေလည်း

ငါ … မင်းကို ပြောပြချင်တယ် …။

No comments:

Post a Comment