Sunday, January 15, 2012

ကျွန်တော့လက်ဖ၀ါးကို ဆူးကလေးတစ်ချောင်းစူးမိတာက စခဲ့တာပဲ

ကျွန်တော့လက်ဖ၀ါးကို ဆူးကလေးတစ်ချောင်းစူးမိတာက စခဲ့တာပဲ



ပြသာနာဟာ...
ကျွန်တော့လက်ဖ၀ါးကို ဆူးကလေးတစ်ချောင်းစူးမိတာက စခဲ့တာပဲ
လူဟာ အသွေးအသားနဲ့ တည်ဆောင်ထားသလို
... နာကျင်မှုအဆောက်အအုံထဲမှာ ပိတ်မိနေတယ်
စီးကရက်တွေ တရှိုက်ပြီး တစ်ရှိုက်
အထီးကျန်ခြင်းကို တတ်နိုင်သမျှတွန်းလှန်ကြည့်တယ်။
လူ့အဖွဲ့အစည်းကို လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားစဉ်က စလို့
ကျွန်တော့လက်ဖ၀ါးမှာ ဆူးကလေးတစ်ချောင်း စူးခဲ့တာပဲ။





ရင်ဘတ်ထဲက အတိုင်းချရေးလို့မရတဲ့ စကားလုံးတွေများလာ
ယုံကြည်မှု / အလွဲသုံးစား
ရိုးသားမှု / နှလုံးသားကိုချနင်းခြင်း
အလေးထားမှု / ဟန်ဆောင်ခြင်း .
............/..................
............./..................။
(ကျေးဇူးပြုပြီး အဲ့ဒီစကားလုံးတွေကို အချိုးချကြည့်ဖို့ မကြိုးကြပါနဲ့)
စကားလုံးတွေဟာ စကားလုံးသက်သက်ဖြစ်ပြီး
ခံစားမှုတွေဟာ ခံစားမှုသက်သက်ဖြစ်တယ်။

ရုပ်ဝတ္ထုပိုင်ဆိုင်မှုငွေးကြေးစည်းစိမ်၊ အောင်မြင်ကျော်ကြားမှု
လူ့အဖွဲ့အစည်းရဲ့ သည်းခြေကြိုက်များးးးးး
လူဟာ အသွးအသားနဲ့တည်ဆောက်ထားသလို
ရုပ်ဝတ္ထုပိုင်ဆိုင်မှု၊ ငွေကြေးစည်းစိမ်၊ အောင်မြင်ကျော်ကြားမှု တွေကြားမှာ ဗျာများနေတယ်။
စကားလုံးတွေ လှလှသုံးမယ်။
လိုအပ်ရင် အသုံးပြုဖို့ မမြင်ရတဲ့ ဓါးတွေ ကိုယ်စီဆောင်ထားမယ်။
ကိုယ့်နောက်ကျောကို ကိုပြန်မြင်ခွင့်မရှိတဲ့လူအဖွဲ့အစည်းရဲ့
လက်ဖ၀ါးတွေမှာ ဓါးတွေကိုယ်စီကိုင်လို့..။

ကျွန်တော့လက်ဖ၀ါးကို ဆူးကလေးတစ်ချောင်းစူးမိတာက စလို့
လူ့အဖွဲ့အစည်းကို ကျောခိုင်းကြည့်ဖို့ ကြိုးစားချင်လာတယ်။
မလိုအပ်တဲ့နေရာတွေက ရှောင်ခွာချင်လာတယ်။
(ကျေးဇူးပြုပြီး အဲ့ဒီအတွက်  ထောက်ခံချက်တစ်စုံတစ်ရာမပေးကြပါနဲ့)
စကားလုံးတွေဟာ စကားလုံးသက်သက်ဖြစ်ပြီး
ခံစားမှုဟာ ခံစားမှုသက်သက်ဖြစ်တယ်။
ဒုတိယကမ္ဘာထဲမှာတော့ ရင်ဘတ်ထဲက စကားလုံးအချို့ကို
ချရေးချင်ပါရဲ့
ရုပ်ဝထ္ထုဆန်လွန်းတဲ့ လူ့အဖွဲ့အစည်းရဲ့
လူတစ်ဦးချင်းစီမှာ မမြင်နိုင်တဲ့ ဓါးတွေကိုယ်စီရှိတယ်
တစ်ယောက်ကျောကို တစ်ယောက်ထံမှာ
စိတ်ခြလက်ခြ အပ်နှံထားဖို့
ယဉ်ကျေးမှုတစ်ချို့ဟာ
ကမ္ဘာဘယ်နှခုစာမှာများ...ပြန်တွေ့နိုင်မလဲ
ခု ကျန်တော့လက်ဖ၀ါးမှာ
ဆူးကလေးတစ်ချောင်း စူးခဲ့တာက စလို့။

No comments:

Post a Comment