Friday, January 20, 2012

တိုင်းရင်းသားတို့၏ ရင်တွင်းဆန္ဒ ကို လေ့လာရန် ချင်းအမျိုးသား ပါတီက မျှော်လင့်နေဟု ဆို

တိုင်းရင်းသားတို့၏ ရင်တွင်းဆန္ဒ ကို လေ့လာရန် ချင်းအမျိုးသား ပါတီက မျှော်လင့်နေဟု ဆို ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အတွက် ကြားခံအဖွဲ့အစည်းတစ်ခုမှ


ဦးဆောင်ပြီး တိုင်းရင်းသားတို့၏ရင် တွင်းဆန္ဒများ ကိုလေ့လာရန် ချင်းအ မျိုးသားပါတီကမျှော်လင့်နေကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ထုတ် ဖော်ပြော ကြား သည်။
တိုင်းရင်းသား တို့နေထိုင်သော ပြည်နယ်ခုနစ်ခုအတွင်း စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အ တွက် အပြန်အလှန် ယုံကြည်မှုရှိစေ ရန် မည်သည့် ဘက်ကမှ ပါဝင်ခဲ့ဖူး ခြင်းမရှိသည့် ထင်ရှားသည့် ပုဂ္ဂိုလ် ကြီးများဖြင့် ဖွဲ့စည်းထားသော ကြားခံ Third Party  အဖွဲ့မှ ပထမဦးစွာ တိုင်းရင်းသား တို့ဘက်က ဖြစ်စေချင် သော ဆန္ဒများနှင့် ခံစားချက်များကို ဦးစွာ လေ့လာပြီး တိုင်းရင်းသား များ နှင့်ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများအကြား အဖြေရှာရန် လို လားကြောင်း ပါတီ ခေါင်းဆောင်များ က ဆိုသည်။
“ဘာသာရေး ခေါင်းဆောင်တွေ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေပါတဲ့လေ့လာ ညှိနှိုင်းရေး ကော်မရှင်တစ်ရပ်ကို ကျွန်တော်တို့ မျှော်လင့်တယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေး ကို ဒီလိုပုံစံလုပ်ခဲ့ကြ တာအောင်မြင်မှု တွေရှိခဲ့တယ်။ ပြည် တွင်းငြိမ်းချမ်းရေး တွေကိုလည်း ဒီ အတိုင်းပဲ လုပ်ခဲ့ကြလို့ ထာဝရငြိမ်း ချမ်းရေး ရသွားတာ တွေရှိတယ်။ အဲ ဒီမှာပါတဲ့ ပုဂ္ဂိုလ် တွေက အဖြူထည် တွေဆိုတော့ အားလုံးက ယုံကြည် လက်ခံပြီး ရင်ဖွင့်ကြမှာ ပါ။ အဲဒါ တွေကို ထောက်ပြီးဖြစ်နိုင်ခြေနဲ့ ညှိကြ ရင် စားပွဲပေါ် မှာ ငြိမ်းချမ်းရေး ရနိုင် တယ်”ဟု ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကပြော သည်။
ပြည်ထောင်စု အတွင်းလက်နက် ကိုင်တိုက်ပွဲများ ကြောင့်တိုင်းရင်းသား တို့နေထိုင်ရာ ဒေသတချို့တွင် ဖွံ့ဖြိုး တိုးတက်ရေး အပိုင်းတွင်သာမက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး  များမှာ နောက်ကျ ကျန်လျက်ရှိနေ ပြီး ပြည်သူက ရွေးကောက်တင် မြှောက် လိုက်ပြီး ပြည်ထောင်စု လွှတ် တော်မှ ပေါ်ထွန်း လာသော အစိုးရ အနေဖြင့် သဘောထား ကြီးမှု၊ စာနာ မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အင်အား စုကြီး တည်ဆောက် ရန် ဆောင်ရွက် ပေးမည်ဟုလည်း ချင်း အမျိုးသား ပါတီက မျှော်လင့်ထား ကြောင်း ပါတီ ခေါင်းဆောင်များက ၎င်း တို့ သဘောထားကို ထုတ်ဖော် ပြောကြားသည်။
“ကျွန်တော် တို့ ညီနောင်ငါးပါ တီဖွဲ့ပြီး အရင်က တည်းကငြိမ်းချမ်း ရေး အတွက် ဆောင်ရွက် ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ရဲ့အဓိကသော့ချက်က ညီအစ်ကိုမောင်နှမတွေ ဘာကြောင့် လက်နက် ချဖို့ သူတို့ ဒီလောက်ခေါင်း မာ နေကြတာလဲ။ သူတို့ ဘာတွေကို မျှော်လင့်နေကြ တာလဲ။ အဲ့ဒါကို ဆန်းစစ် လေ့လာကြမယ်။ သူတို့အ တွက် ဂုဏ်ယူ စရာပြည်ထောင်စု အ ဆင့်မှာ စာရင်း ထည့်သွင်းပေးမယ်ဆို ရင် ငြိမ်းချမ်းရေး အလင်းရောင်သမ်း လာနိုင်တယ်။ အဲ့ဒါ ကျွန်တော်တို့ ရင်ထဲ ကဆန္ဒတွေပါ။ အတိတ်က ခါး သီးတဲ့ ဒဏ်ရာ တွေအတွက် ဖြေသိမ့်  စေချင်ကြပါတယ်”ဟုလည်း ပါတီ ဥက္ကဋ္ဌက ပြောသည်။
ပြည်နယ်အစိုးရ များဖွဲ့စည်းခွင့် ပါဝင်သော ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေ ကို ယုံကြည်သောကြောင့် ကျောင်းသား လှုပ်ရှားမှုအဆင့်မှ နိုင် ငံရေး ပါတီအသွင်ပြောင်းကာ ရွေး  ကောက်ပွဲ ၀င်ရောက် ခဲ့သော ပါတီ ခေါင်းဆောင်များ အနေဖြင့် အကျိုး ခံစားခွင့် မမျှော်ဘဲ တိုင်းရင်းသား တို့  အကျိုးကို ဆောင်ရွက်ပါမည်ဟု သစ္စာ ပြု ခဲ့ကြပြီး ရွေးကောက်ပွဲ တွင် ၁၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုး နေရာ အရွေးခံခဲ့ရကြောင်း၊ လက်ရှိ အခြေ အနေတွင် လွှတ်တော် အတွင်း အပြင်မှ ထာဝရ ငြိမ်းချမ်းရေး အ တွက် နည်းလမ်း များရှာကြံ ဆောင် ရွက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ကျွန်တော်တို့ အသက်တွေ လည်းကြီးပြီ။ ကျောင်းသား အမည် မခံချင်ကြတော့ တာနဲ့နိုင်ငံရေးပါတီ ဖွဲ့ပြီးရွေးကောက် ပွဲဝင်တယ်။ ၀င်ရတဲ့ အဓိက အကြောင်းက ပြည်နယ် အစိုး ရဆိုတာပါတော့ ဒါဟာ ဖက်ဒရယ် အရိပ် အရောင်ပဲ။ အစိုးရက ချုပ် ကိုင်သင့်တာ ကိုချုပ်ကိုင်၊ ပြည်နယ် အစိုးရတွေက ဒေသဆိုင်ရာ စီမံခန့် ခွဲခွင့် အာဏာ ခွဲဝေပေး လိုက်မယ်ဆို ရင် ဒါဟာ ပြည်ထောင်စု ဆိုတဲ့ ဝေါ ဟာရ ကပြည့်စုံသွားပြီ၊ ဒီလိုလုပ်ပေး လိုက်ရင် လက်နက်ကိုင်နေတဲ့ ညီ အစ်ကို မောင်နှမတွေ နားလည်လာ ပါလိမ့်မယ်။ ထာဝရငြိမ်းချမ်းရေး ဆို တာ လုပ်ရတာ အလွန်ခက်ပါတယ်။ အဲဒီ အတွက်ကြောင့် ယုံကြည်မှု တည်ဆောက်ဖို့ လေ့လာ စေ့စပ်ပေး မယ့် တတိယ အဖွဲ့အစည်းကို လို လား တာပါ”ဟု ဆိုသည်။

No comments:

Post a Comment