Monday, January 30, 2012

ညီမလေး အတွက် လက်ဆောင်


ညီမလေးရေ...

မင်းကအရုဏ်ဖြစ်ပြီး ငါက ဆည်းဆာပေါ. ...

မင်းက ကာရန်ဆိုရင် ငါက ရစ်သမ်လေ ....

မင်းက ညဆိုရင် ငါက လမင်းပေါ. ...။

ငါလေ ...

ငါ.အသက်ကို ထက်ဝက်ခွဲလို.

စိတ် နဲ. ကိုယ် ကို နှစ်ကိုယ်ခွဲလို.ရရင်ကောင်းမယ် လို. တွေးမိပါရဲ. ....။

မင်းနဲ.တွေ.မှ အိပ်ပျော်နေတဲ. ငါ.မျှော်လင်.ခြင်းတွေ ပြန်လည် နိုးထ

ငါ.အိပ်မက်တွေလည်း ပြန်လည် ရှင်သန်စိမ်းလန်းခဲ.ရ ...

ကျေးဇူးပါညီမလေးရေ ...။

ဘ၀ဆိုတာသတ်ပုံမှားလို. မရကောင်းတော.

အသဲကွဲ ကဗျာတွေနဲ.ချည်း အချိန်တွေကို ကာရန်မှားနေဦးမှာလား ...?

ဘယ်လို ရှေးကုသိုလ်နဲ.တို.တွေ

ဘယ်လောက်ထိ ရေစက်ဆုံကြဦးမှာလဲ ....?

ရိုးသားတဲ. မင်းရနံ့လေးကို

ခိုးနမ်းမိတာတော.

ငါ.ကို ခွင်.လွတ်ပါ ...။

မင်းအပြုံးတွေထဲမှာ ဒါးတစ်လက်တော. ၀ှက်ယူမလာပါနဲ.ညီမလေးရေ ...

တကယ်ဆို ငါ.ဘ၀က မွမွလေးမို.ပါ ...။

ယုံကြည်မှုဘူတာဆီသွားနေတဲ. ရထားတစ်စီးပေါ်မှာ

တစ်ယောက်စိတ် တစ်ယောက်တွဲခေါ်လို. ....

တစ်ယောက်အကောင်.မှာတစ်ယောက် မန်ဘာဝင်ကြ. ...

စိတ်စိတ်ချင်း ပလေတိုးနစ်ကြိုးတွေ ကျစ်ခဲ.ကြတယ် ...

ကိုယ်ပိုင်သံစဉ်တွေနဲ. ရဲဖော်ရဲဖက်သီချင်းတွေဆိုလို. ....

တို.တတွေအဖြစ်က စက်ဝိုင်းတွေလိုမဟုတ်ကြဘူး ...

တကယ်တွေးကြည်.တော. ...မျဉ်းဖြောင်.တစ်ကြောင်းလို

မဆုံနိုင်တဲ. ဘ၀တွေလေ ...။

သတ်ပုံမှားတတ်တဲ. ညီမလေးရေ ...

အချစ်ကို သတ်ပုံမမှားစေနဲ. ...

တွေးခေါ်မှုကို သတ်ပုံမမှားစေနဲ. ....

ဘ၀ဆိုတာ

ကောက်ရခဲ.တာမဟုတ်ဘူးကွယ် ...။

ဘ၀မှာ ...အပြုံးတွေနဲ. အောင်ပန်းဆင်နိုင်ဖို.

မှန်ကန်တဲ. ပန်းတွေပွင်.ပါ် ...

ငါ.ခေါင်းစောင်းနေရင် မင်းပြန်တည်.ပေးပါ ...

မင်းခေါင်းစောင်းနေရင် ငါပြန်တည်.ပေးပါ.မယ် ...

မင်း အလင်းလိုတဲ.အခါ ...

ငါကိုယ်ငါရင်းပြီး မီးဖိုပေးပါ.မယ် ...

မင်းအမြင်.ပြန်မယ်ဆို ....ငါက တောင်ပံတစ်စုံပေါ. ...

မင်းသွားမယ်.ဆိပ်ကမ်းမှာ ငါက သင်္ဘောတစ်စင်း ...

မင်းသွားမယ်.ဘူတာမှာ ငါက ရထားတစ်စီး

မင်းသွားမယ်. ကမ္ဘာပတ်ခရီးမှာ ငါက လေယာဉ်ပျံတစ်စင်းပေါ. ....

မင်းရဲ.အောင်မြင်မှုအတွက် ငါကသြဘာပေးမယ်. လက်ခုပ်သံလေ ...

တကယ်ပါ ညီမလေးရေ ....

ရယ်ချင်လည်း ရယ်ပေါ. ...

အဲဒီလို တွေးပြီး ဟောဒီရင်ဘတ်နဲ. ဒီကဗျာကို ရေးလိုက်ပါတယ် ....

ညီမလေးအတွက် လက်ဆောင်ပေးစရာဆိုလို.

တို.မှာ ...ဒီကဗျာလေးပဲ ရှိတာမို.ပါ .....။ ။

1 comment:

Digital Marketing For Myanmar SMEs said...

ကောင်းတယ်ဗျာ..့ကဗျာလေးက

Post a Comment