Friday, January 20, 2012

ဒီမိုကရေစီ လိုချင်လျှင် ဒေါ်ဒေါ်အား ကာကွယ်ကြ-ကူညီကြလော့

ဒီမိုကရေစီ လိုချင်လျှင် ဒေါ်ဒေါ်အား ကာကွယ်ကြ-ကူညီကြလော့
-

မြန်မာနိုင်ငံ ဒီမိုကရေစီ တိုးတက်ရေး လုပ်ငန်းစဉ်သည် အပေါင်းလက္ခဏာ ဆောင်သည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေသည်ကို။
နိုင်ငံတကာမှ ပူးပေါင်း ကူညီမှု၊-

ဦးသိန်းစိန် စစ်အစိုးရသစ်မှ ဒေါ်အောင်ဆန်း စုကြည်အား နိုင်ငံရေးတွင် ပါဝင်လာစေမှု၊ -
 

၁၃။၁။၂၀၁၂ (သောကြာနေ့ ) တွင် မင်းကိုနိုင် အပါအ၀င် နိုင်ငံရေး သမားများ လွှတ်ပေးမှုက သက်သေ ပြနေသည်ကို မြင်ရသည်။

နောက်ပြန် မလှည့် နိုင်သော နိုင်ငံရေး တိုးတက်မှု ဖြစ်စဉ်ဟု အစိုးရသစ်မှု ပြောဆိုနေသလို ၀ါရင့် နိုင်ငံရေး သမား များကလည်း နိုင်ငံရေး ခေါင်းဆောင် ဆိုသူတို့၏ လုပ်ရည် ကိုင်ရည်အပေါ် မူတည်၍ အကောင်းအဆိုး ဖြစ်နိုင်သည်ဟု နိုင်ငံတကာမှ ခန့် မှန်း တွက်ချက်ကြ သည်လည်း ရှိသည်။



လက်ရှိ ရရှိနေသော လုပ်ကိုင်နိုင်ခွင့် အခွင့်အလမ်းသည် ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းနှင့် မြန်မာ့ နိုင်ငံရေး သမားတို့ လုပ်ရည် ကိုင်ရည် အပေါ် မူတည်နေကြောင်း ကိုလည်း ၀ါရင့် နိုင်ငံရေး သမားကြီးများက ၀န်ခံ မှတ်ချက် ပြုကြသည်။

ကမ္ဘာ နိုင်ငံရေး ရေစီးကြောင်းတွင် မြောပါမှုမျိုး လွတ်လပ်ရေး အကြို ခေတ်က ဗိုလ်ချုပ်အောင်ဆန်းတို့ ရရှိခဲ့ကြဖူးသည်။
ထိုရရှိခဲ့သည့် အခွင့် အရေးကို ဆုပ်ကိုင် ကြလျှက် သခင်ပါတီ ထောင်ကြ ဖွဲ့ခဲ့ကြသည်။
ရဲဘော် ၃ ကျိပ် ပြည်ပ စေလွှတ်ကာ စစ်ပညာ သင်သူက သင်ခဲ့ကြသည်။

အင်္ဂလိပ်အခက်- ဗမာ့ အချက်ဟု ကြွေးကျော်ကာ တိုက်ပွဲ ၀င်ခဲ့ကြသဖြင့် လွတ်လပ်ရေး ရခဲ့ကြသည် မဟုတ်ပါလော။


ယနေ့  ကမ္ဘာ့ သမိုင်း ဖြစ်စဉ်တွင် ကွန်မြူနစ် အမည်ခံ အာဏာရှင် များ အပြောင်းအလဲ ဖြစ်ခဲ့ကြသည်။
( ဆိုဗီယက်မှ ခွဲထွက် နိုင်ငံများ၊ဂျာမဏီ ၂ နိုင်ငံ ပေါင်းစည်းမှု၊ ရိုမေးနီးယား၊ ဗီယက်နမ်- စသည်များ)

လက်ယာ အာဏာရှင် နိုင်ငံများလည်း ပြိုလဲ ပျက်စီး၍ ဒီမိုကရေစီ နိုင်ငံဘက် ကူးပြောင်းခဲ့ကြသည်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အီရတ်၊ လစ်ဗျား၊ နှင့် အရှေ့ အလယ်ပိုင်းမှ အာရပ် နိုင်ငံများ)


မြန်မာ့  နိုင်ငံရေး ဖြစ်စဉ်သည် ဒီမိုကရေစီ တော်လှန်ရေး သက်တမ်း ၂၄ နှစ် ၀န်းကျင်ရောက်ရှိလာခဲ့သော်လည်း ၀ါဒ မျိုးစုံ၊ အယူအစွဲ မျိုးစုံကြောင့် အာဏာရှင် ပြုသမျှ နုနေရသည့် အခြေအနေမှ မတက်နိုင်ဘဲ၊ တောမီးလောင် တောကြောင် လက်ခမောင်း ခတ်သူများ ကြီးပွါးခဲ့ကြသည်ကို ပြည်တွင်း စစ်အရာရှိ များနှင့် အပေါင်း အပါးများကြားတွင်၎င်း၊ ပြည်ပရှိ ဒီမိုကရေစီ တောကြောင် လူနပ်များကြားတွင်၎င်း တွေ့ မြင်ရသည်။


အာဏာ သုံး၍ စားပေါက်ရ စစ်ဗိုလ်များနှင့် အပြိုင်၊ ပြည်ပ နိုင်ငံရေး လောကတွင်လည်း တိုင်း ပြည်ဒုက္ခနှင့် ပြည်သူတို့အနှိပ်စက် ခံရမှုများကို လက်ညှိုးထိုးကာ နိုင်ငံတကာမှ အလှူရှင်များထံမှ တောင်းရမ်းကြ၊ ခိုးဝှက် သုံးဖြုန်း ကြနှင့် ပွဲတော်ကြီး တွေ့  ခဲ့ကြသည်။

ထိုသူများသည် တော်လှန်ရေး သက်တမ်းရှည်စေရန် တရုတ် ရုရှားနှင့် အနောက် ကမ္ဘာကြားတွင် လှေနံ နှစ်ဘက်နင်းကာ တော်လှန် ရေး သက်တမ်း ဆွဲဆန့် ခဲ့ကြသည်။
ဆက်လက် ဆွဲဆန့် ရန် ကြံစည် နေသည်ကိုလည်း မြင်နေရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ဆူးကြားမှ ဘူးသီး ဘ၀မျိုး ဖြင့် မြန်မာပြည် ဒီမိုကရေစီ ရရှိရေး မဆုတ်မနစ် လုပ်ကိုင် ချီတက်နေသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ပြဿနာ မျိုးစုံကို အန်တု ကာ နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် တွေ့ ဆုံခြင်း များ ၊ အကြံပြု ဆွေးနွေးရယူခြင်းများဖြင့် ၂၀၁၂ အေပြီ ၁ ရက်နေ့ တွင် ကြားဖြတ် ရွေးကောက်ပွဲ ၀င်တော့မည့် အခြေအနေသို့ အပေါင်း လက္ခဏာ ရလဒ်များကို မြင်ရသည်။

သို့သော် သူမသည် ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အတွင်းရန်- အပြင်ရန်များဖြင့် ပြည့်နှက် နေသည်ကို မြင်ရသည်။


-လွတ်လပ်ရေး တိုက်ပွဲကာလတွင် ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့် တရားစွဲရန် ကြံကြ သည်လည်း ရှိသည်။

-အနုနည်းဖြင့် လွတ်လပ်ရေး ရယူရန် ပြုလုပ်ခြင်းသည် အင်္ဂလိပ်အောက် ဒူးထောက်သည်၊ အရင်းရှင် စိတ်ဓါတ် စိမ့်ဝင်သည်ဟု စွပ်စွဲသူများလည်း ရှိခဲ့သည်။

-နှောင်ကြိုး မကင်းသည့် စာချုပ် လွတ်လပ်ရေးသည် အစစ်အမှန် မဖြစ်နိုင်၊ တိုက်ယူမှ လွတ်လပ်ရေး အစစ်ရနိုင်မည်ဟု အော်ဟစ်ကာ တောခို ကန့် ကွက်သူများလည်း ရှိခဲ့သည်။

ထို့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းသည် လက်တွဲဖော် လုပ်ဖော် ကိုင်ဖက် လည်းဖြစ်၊ မယားညီအကိုလည်း ဖြစ်သူ သခင်သန်းထွန်း နှင့်ပင် နိုင်ငံရေး အရ လမ်းခွဲခဲ့ရသည် မဟုတ်ပါလော။

ယခု လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အခြေအနေကို ပြန်လည်သုံးသင်ကြည့်လျှင်--
-၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုသူ
- ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးခဲ့သူများကို လစ်လျှူရှုသူ
- စစ်အစိုးရသစ် အာဏာရှင်နှင့် ပူးပေါင်းသူ
- အနောက်ကမ္ဘာ အလိုကျ ကပြမည့် အရင်းရှင်လိုလားသူ
စသည်ဖြင့် လေလှိုင်းမှ တမျိုး၊ ဘလော့မှတစ်ဖုံး၊ ဖေ့စ်ဘုတ်များမှ တစ်နည်း တိုက်ခိုက်နေကြသည်ကို တွေ့ ရသည်။


နမူနာများပြရရလျှင်။-
-နိုင်ငံကျော် အလဲဗင်းမီဒီယာအုပ်စု၏ အကြီးအကဲ ဒေါက်တာသန်းထွဋ်အောင်သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန် စုကြည် အားနည်းချက် များကို စောင့်ကြည့် မှတ်တမ်းတင်ရန် ၎င်း၏ သတင်းထောက် တစ်ချို့ကို ညွန်ကြားခြင်း။
(သစ်ထူးလွင် အင်တာနက် စာမျက်နှာမှ)


-ဧရာဝတီ အယ်ဒီတာကြီး အောင်ဇော်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလေမှ သူ့ ဝက်ဆိုက် အလှူငွေများ၊ ဒီဗွီဘီအတွက် အလှုငွေများလျှော့ချ ခံရသည်ဟု ပြောဆိုခြင်း။
(သစ်ထူးလွင် အင်တာနက် စာမျက်နှာမှ)


-- ၂၀၀၈ ဖွဲ့စည်းပုံ၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တမတ်သားပါလီမန်ထဲအထိတော့ လိုက်၍ မထောက်ခံနိုင်ပါ (သံဒုတ်-BLSO) ဆောင်းပါးက--
NLD က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက် လက်မကိုင်စွဲတော့ဘူးလို့ ပြောလိုက် တာပါပဲ။ အခြေအနေအချိန်အခါ နဲ့ မကိုက်ညီဘူးဆိုတဲ့ သဘောမျိုး ပြောနေတာတော့ကြာပြီ။ တွေ့ဆုံ ဆွေးနွေးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက် နာပြီး ပါလီမန်ထဲက အကောင်အထည် ဖော် တော့မယ်လို့ တရားဝင် ကြေညာလိုက်တာလို့ နားလည်ပါတယ်။ ဒါက ဘာကိုပြသလဲဆိုရင် NLD ကိုယ်တိုင်က အတွေးအခေါ်နဲ့ ရုပ်ပိုင်း ဆိုင်ရာ ပြောင်းလဲလာမှုကတဆင့် ဖြစ်ပေါ်ပြောင်းလဲချက်တွေလို့ ပြောရမှာပါပဲ။ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ အသိအမှတ်ပြုတဲ့ပုံက ခပ်ပေါ့ပေါ့ခပ်ပျက် ပျက်နိုင်လှ တယ်လို့ သဘောထား ဟု ရေးသားခြင်း။
(ဒေါက်တာလွဏ်းဆွေ ဘလော့ စာမျက်နှာမှ)


- ဒေါ်အောင်ဆန်းစုကြည် က ပါတီမှတ်ပုံတင်မှာ၊ ရွေးကောက်ပွဲ ၀င်မှာကို ကန့် ကွက်တဲ့ နော်အုန်းလှ လုပ်ရပ်တွေ မှန်ပါတယ်ဆိုပြီး ဆုငွေ ၄သိန်း ဖြင့် ၂၀၁၁ ခုနှစ်ရဲ့ ရဲရင့်သူဆု ချီးမြှင့်ခြင်း၊
(မိုးမခ အင်တာနက် စာမျက်နှာမှ)


- ၂၀၁၀ ခုနှစ် ဒေါ်စု မလွတ်လာခင် ၄ လအလိုလောက်မှာ ပင်လုံ ညီလာခံကိစ္စ ဦးဝင်းတင် ချင်းပြည်နယ်။ကလေးမြို့ သွားရာက ဇာတ်လမ်းစခဲ့တာ လူတိုင်း အသိပါ။ ဒီကိစ္စကို ဗွီအိုအေ အင်တာဗျူးမှာ ။-ဦးဝင်းတင်မှ ။ ။ အမှန်အတိုင်း ပြောရရင် ဒုတိယ ပင်လုံညီလာခံ ကျင်းပမယ်ဆိုတာက ဇိုမီး ချင်းအမျိုးသားညီလာခံကနေ ကလေးမြို့  ညီလာခံကနေ ဆုံးဖြတ်လိုက်တဲ့ကိစ္စ။ ဒါက တစ်။ နှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အခါ ဒီကိစ္စကို သူ တာဝန်ယူပြီး ဆောင်ရွက်ပါမယ့်လို့ ပြောတယ်။
http://www.voanews.com/burmese/news/democracy-forum/burma_forum_01-01-2011-136504128.html
ု ၂၀၁၂ ဧပြီ ရွေးကောက်ပွဲသာ ဦးစားပေးပြီး တိုင်းရင်သား စည်းလုံး ညီညွတ်ရေး မျက်ကွယ်ပြူသယောင် ပြောဆိုဖြေကြားခြင်း--

စသည်စသည်များနှင့် အခြားသော ကိစ္စများဟာ ကြည့်နိုင်တတ်ရင်ဘယ်ကို ခြေလှမ်းနေတယ်ဆိုတာ မြင်နိုင်ကြပါတယ်။




ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် လည်း မိမိအား ထောက်ခံသူနှင့် မထောက်ခံသူ ထင်ရှားစွာ သိနိုင်ရေးအတွက် ပါတီဟောင်းကို ဖျက်သိမ်း၍ ပါတီအသစ် ပြန်လည် ဖွဲ့စည်းတာ လုပ်ရပါတော့တယ်။

အို ပြည်သူ အပေါင်းတို့--
အတွေးသစ် အမြင်သစ်တို့ဖြင့် နိုင်ငံရေးအား ချဉ်းကပ်ကြလော့။

ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်း နှင့် အမှီလိုက်၍ ဒေါ်အောင်ဆန်းစုကြည် အား ကူညီကြလော့။

(စစ်အစိုးရ၊ အရှေ့ကမ္ဘာ၊ အနောက်ကမ္ဘာ) သုံးဖက်ချွန် စားဖား၊ ကြောင်သူတော်များရန်မှ ဒေါ်အောင် ဆန်းစုကြည် အား ကာကွယ်ကြလော့။


သင်တို့သည်--
ဒီမိုကရေစီ စနစ် ထွန်းကားသည့်မြန်မာပြည် လိုချင်ကြသည်လော။
တိဗက်လို နိုင်ငံပျောက်၍ တရုတ်လက်အောက်ရောက်လိုကြသည်လော။

No comments:

Post a Comment