Saturday, January 21, 2012

အလံ ဟူသည်မှာ ...

အလံ ဟူသည်မှာ ...

            အလံဟူသည်မှာ ရည်ရွယ်ချက်တစ်ခုခု (သို့) အကြောင်းရင်းတစ်ခုခု (သို့) အကြောင်းတစ်ခုခုအတွက် အမှတ်အသား (သို့) အထိမ်းအမှတ်အဖြစ် အသုံးပြုကြသော ရောင်စုံခြယ် ပိတ်စမျိုးဖြစ်သည် အလံဟူသော စကားမှာ လေထဲ၌လှုပ်ရှားနေသည့်အရာဟူ၍ အဓိပ္ပါယ်ရသည်။
            အမျိုးသားအလံ (၀ါ) နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံအတွက် အမှတ်အသားကြီးတစ်ခုဖြစ်၏ ။ 

ဘုရင်အတွက် အမှတ်အသား ၊
တက္ကသိုလ်ကျောင်းအတွက် အမှတ်အသား ၊ စစ်တပ်အတွက် အမှတ်အသား ၊ အယူဝါဒဆိုင်ရာ အဖွဲ့အစည်းများအတွက် အမှတ်အသား ၊
အချက်ပြရန် အမှတ်အသား စသဖြင့် အကြောင်းအမျိုးမျိုးကို ပြရန် ပြုလုပ်ထားသော အခြားအလံပေါင်းများစွာ ရှိသည် ။ ထိုသို့ သတ်မှတ်
ပြဌာန်းထားသော အလံအသီးသီးသည် သက်ဆိုင်ရာ နိုင်ငံနှင့် နိုင်ငံသားများ၊ စစ်တပ်နှင့် စစ်သားများ ၊ အဖွဲ့အစည်းနှင့် အဖွဲ့ဝင်များ
စသည်တို့၏ ရည်မှန်းချက်၊ ခံယူချက်များကို တစ်မျိုးတစ်ဘာသာစီ အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြင့် ကိုယ်စားပြုသည်။
ဦးဦး မှော်ဆရာ ၁၁ .png
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ အလံ နှင့် တံဆိပ်ပါ။
ဦးဦး မှော်ဆရာ ၁၂.png

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ အလံ ပါ ။ အလံတွင် ခြင်္သေ့ပုံ မပါ ပါ ။

ဦးဦး မှော်ဆရာ ၁၃.png
ပြည်ထောင်စု ကြံ့ခိုင်ေ၇း နှင့် ဖွံ့ဖြိုးရေးပါတီ တံဆိပ်ပါ ။
ဦးဦး မှော်ဆရာ ၁၄.png
ယနေ့ခေတ် မြန်မာ့တပ်မတော် အလံ ပါ ။
သမိုင်းတလျောက် မြန်မာနိုင်ငံတော် နှင့် နိုင်ငံသားတို့အား ကိုယ်စားပြုခဲ့သော အလံတော်များ

ဦးဦး မှော်ဆရာ ၁.png
ရွှေဟင်္သာ အလံတော်ပုံပါ ။ ခရစ်သက္ကရာဇ် ၁၃၀၀ - ၁၅၀၀ အတွင်း အသုံးပြုခဲ့ပါတယ် ။

ဦးဦး မှော်ဆရာ ၂.png
ကဒေါင်းအလံတော် ပုံပါ ။ ၁၇၅၂ ခုနှစ်မှ ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ထိ အသုံးပြုခဲ့ပါတယ်။



ဦးဦး မှော်ဆရာ ၃.png
၁၈၅၃ ခုနှစ်မှ ၁၈၇၆ ခုနှစ်များအတွင်း အသုံးပြုခဲ့သော ပဒေသရာဇ်မြန်မာနိုင်ငံတော် အလံပါ ။

ဦးဦး မှော်ဆရာ ၄.png
ကိုလိုနီလက်အောက်ခံ မြန်မာနိုင်ငံတော် အလံပါ ။ ၁၉၃၉ ခုနှစ် ဖေဖေါ်ဝါရီ (၆) ရက်နေ့မှ ၁၉၄၈ ခုနှစ် ၊ ဇန်န၀ါရီ (၄) ရက်နေ့ထိ အသုံးပြုခဲ့ပါတယ်။

ဦးဦး မှော်ဆရာ ၅.png
၁၉၄၁ ခုနှစ် မေလ (၃၀) ရက် မှ ၁၉၄၂ ခုနှစ် သြဂုတ်လ (၁) ရက်နေ့ထိ အသုံးပြုခဲ့သော မြန်မာနိုင်ငံတော် အလံပါ ။

ဦးဦး မှော်ဆရာ ၆.png
၁၉၄၂ ခုနှစ် ၊ သြဂုတ်လ (၁) ရက်မှ ၁၉၄၃ ခုနှစ် ၊ သြဂုတ်လ (၁) ရက်နေ့ထိ အသုံးပြုခဲ့သော မြန်မာနိုင်ငံတော် အလံပါ ။

ဦးဦး မှော်ဆရာ ၇.png

၁၉၄၃ ခုနှစ် ၊ ဝသဂုတ်လ (၁)ရက်နေ့မှ ၁၉၄၅ ခုနှစ်၊ မေလ (၃) ရက်နေ့ထိ အသုံးပြုခဲ့သော မြန်မာ့အလံပါ ။


ဦးဦး မှော်ဆရာ ၈.png
၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ (၄၀ ရက်နေ့မှ ၁၉၇၄ ခုနှစ် ဇန်န၀ါရီ (၃) ရက်နေ့ထိ အသုံးပြုခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံပါ ။


ဦးဦး မှော်ဆရာ ၉.png
၁၉၇၄ ခုနှစ် ၊ ဇန်န၀ါရီ (၃) ရက်နေံမှ ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၀ )ရက်နေ့ထိ အသုံးပြုခဲ့သော
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အလံ ပါ ။
ဦးဦး မှော်ဆရာ ၁၀.png
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အရ ပြဌာန်းထားသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံ ပါ ။


အကျဉ်းချုပ် ပြောပါမည် ကုန်းဘောင်ခေတ်တွင် အဓိကအသုံးပြုခဲ့သော အလံမှာ () မျိုးရှိပါတယ်။
၁။ နိုင်ငံတော်ကို ကိုယ်စားပြုသော ဒေါင်းအလံတော်
၂။ သရဲကြီး အလံတော်
၃။ ၀င်း အလံတော်တို့ ဖြစ်သည်

() ကုန်းဘောင်ခေတ်တွင် တစ်နိုင်ငံလုံးကို ကိုယ်စားပြုသော ဒေါင်းအလံတော်ကို ရန်ကုန်မြို့ရှိ ဘုရင့်တံတားအနီးတွင် စိုက်ထူးထားခဲ့သည်ဟု
သိရသည် ထို ဒေါင်းအလံတော်သည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်သည်အထိ ရှိခဲ့သည် ထိုစစ်ပွဲတွင် မြန်မာတို့အရေးနိမ့်ခဲ့သောကြောင့်
မြန်မာ့ဒေါင်းအလံနေရာတွင် အင်္ဂလိပ် ယူနီယံအလံ အစားထိုး ၀င်ရောက်ခဲ့သည် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မြန်မာတို့အရေးနိမ့်ခဲ့စဉ်က
ရခိုင်၊ တနင်္သာ၇ီနယ်နှင့် စစ်စရိတ် တစ်ကုဋေကိုပါ အင်္ဂလိပ်တို့အား ပေးရသည် ထိုစစ်စရိတ်မကျေမချင်း အင်္ဂလိပ်တို့က ရန်ကုန်ကို
သိမ်းပိုက်ထားသခြင့် စစ်စရိတ်ငွေ အကျေပေးပြီးမှ မြန်မာသက္ကရာဇ် ၁၁၈၀ ခု၊ နတ်တော်လဆန်း (၁၀)ရက်နေ့တွင် ဟံသာဝတီ-ရန်ကုန်
ဘုရင့်တံတားအနီးတွင် စိုက်ထူထားသော အင်္ဂလိပ်အလံကိုချ မြန်မာဒေါင်းအလံတော်ကို ပြန်လည်စိုက်ထူခဲ့ရသည်
၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး တစ်နိုင်ငံလုံး ကျွန်သပေါက်ရောက်ခဲ့သဖြင့် နိုင်ငံတော်ကို ကိုယ်စားပြုသော
ဒေါင်းအလံတော်လည်း ပျောက်ကွယ်သွားခဲ့ရလေသည်
() သရဲကြီး အလံတော်မှာ စစ်ချီရာနှင့် မင်းခမ်းမင်းနားများတွင် အသုံးပြုသည် ဒေါင်းအလံကဲ့သို့ တစ်နိုင်ငံလုံးကိုယ်စားပြု အသုံးပြုသော

အလံမဟုတ်ပါ ။ထိုအလံတွင် အရုပ် () မျိုးနှင့် အရောင် () ရောင်ပါဝင်သည် ထို အရုပ် () ရုပ် နှင့် အရောင် () ရောင်မှာ -

၁။ ဟာနုမန် မျောက်ရုပ် ( ရွှေရောင် )

၂။ ဂဠုန် သုတ်နေဟန် ( အဖြူရောင် )

၃။ ဘီလူး သံလျက်ထမ်းဟန် ( အ၀ါရောင် )

၎။ ဥဒေါင်းကနေဟန် ( အနက်ရောင် )

၅။ ခြင်္သေ့ ဟောက်နေဟန် ( အစိမ်းရောင် )

၆။ ဆင်ထိုးနေဟန် ( အနီရောင် )

၇။ နဂါးခွေ မာန်သွင်းနေဟန် ( အဖျောရောင် )တို့ဖြစ်သည် ။


() ၀င်း အလံတော် မှာ နန်းတော်ဝင်းကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည် ။ ကြက်လျှာပုံသဏာန်ရှိပြီး အရောင်မှာ အရှေ့ဝင်းတွင်
အဖြူရောင် ၊ တောင်ဝင်းတွင် အစိမ်းရောင် ၊ အနောက်ဝင်းတွင် အပြာရောင် ၊ မြောက်ဘက်ဝင်းတွင် အ၀ါရောင် ဖြစ်သည် ။

           ယခုရေးသားခဲ့သော အကြောင်းအရာများသည် ကုန်းဘောင်ခေတ်တစ်ခုထဲမှ အဓိကအလံတော် () မျိုးအကြောင်းသာ ဖြစ်ပါတယ်
ဒီအလံတော်များတွင် ဒေါင်း ရော ခြင်္သေ့ သာမက တခြားတိရိစ္ဆာန်များပါ နေရာရခဲ့ပါတယ် ။ဒီအချက်ကိုထောက်ရှု၍ မြန်မာ ဘုရင်မင်းမြတ်များ၊
လွတ်လပ်ရေး သူရဲကောင်းများ ၊ ကျနော်အပါအ၀င် မြန်မာပြည်၌ ဘိုးစဉ်ဘောင်ဆက်မွေးဖွားရှင်သန်ခဲ့သူများ၏ ဘေး၊ ဘီ ၊ဘင်များ ၊
ဒေါင်းအလံတော်၏ အာဏာစက်အောက်တွင်နေထိုင်ခဲ့သော ကျနော်တို့ ဘေး၊ ဘီ ၊ ဘင်များဟာ တိရိစ္ဆာန်ကို ဦးခိုက်အရိုအသေ ပြုခဲ့ကြသူများ ၊ တိရိစ္ဆာန်စိတ်ဝင်ခဲ့သူများလို့ သတ်မှတ်ရပါမည်လား ?

No comments:

Post a Comment