Sunday, January 15, 2012


Print PDF

စစ်   စစ်   စစ်   စစ်   ကိုက်နေတယ်
ရင်ထဲမှာ
စစ်   စစ်   စစ်   စစ်   မြည်နေတယ်
ကျည်ကွယ် မျက်ကွယ်မှာ နေ
ငါ နှင့် မတူ ငါ့ ရန်သူတွေ အကုန် သေရမယ်
ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့
တုတ် နဲ့ ရိုက် ၊ မီး နဲ့ တိုက် ၊ ဓာတ်ဆင် ၊ ဓာတ်ရိုက်
ကျူးကျော် စစ် ၊ ခုခံ စစ် ၊ တော်လှန် စစ် ၊ ယဉ်ကျေးမှု စစ်
အပုပ် အသိုး စား ဟုတ်လိနိုးနိုး အန္ဓ ဆင်ကန်း တောတိုးတွေ
ကိုယ့် ခန္ဓာအတွင်းမှာ မဆင်နွှဲ နိုင်ခဲ့တဲ့ စစ်တွေ
လယ်ယာမြေတွေ ဖုန်းဆိုးတော ဖြစ် ကုန်ပြီ
ပွင့်ပန်းလေးတွေ ကြွေ ကုန်ပြီ
အမှောင် ခေတ်ကို စီမံ ဖန်တီးခဲ့
အမျိုး ၊ ဘာသာ ၊ သာသနာ ... နာခဲ့တယ်
စစ်   စစ်   စစ်   စစ်   မြည်နေတယ်
ရင်ထဲမှာ
စစ်   စစ်   စစ်   စစ်   ကိုက်နေတယ် ...   ... ။

( စစ် ဟူသမျှ မုန်းတီး နိုင်ကြပါစေ )

No comments:

Post a Comment