Tuesday, January 31, 2012

အမငယ်တယောက် ပျော်ရွင်စွာနဲ့ မျော်လင့်တမ်းတ

အပြုံးမပြတ်တဲ့လမင်း

ယုံတော့ယုံချင်တယ်မရဲလို့ပါတဲ့


ငါ့ဘ၀တစ်လျှောက်လုံးမှာဘယ်သူ့ကိုမှမချစ်ခဲ့ဖူးဘူး...ချစ်ဖို့လဲဘယ်တုန်းကမှစိတ်မကူးခဲ့ဖူးဘူး....လူ့ဘ၀မှာအချစ်မရှိရင်လဲမပြည့်စုံသလိုခံစားရတယ်...ဒီလိုနဲ့ပဲငါ့ဘ၀ကိုအဆုံးသတ်တော့မှာလား...တစ်ခါတစ်လေပြန်စဉ်းစားမိတယ်...ငါတစ်ခုခုလိုနေပါတယ်...ဘာလိုနေလဲတော့ကိုယ့်ကိုကိုယ်မသိဘူးဖြစ်နေတယ်....ဒီလိုနဲ့တစ်နေ့သူနဲ့စတွေ့တော့တာပဲ.....ဘယ်မှာလဲတော့သေသေချာချာမမှတ်ထားလိုက်ရဘူ....ထားလိုက်ပါတော့....သူနဲ့စကားတွေပြောဖြစ်တယ်....ခဏခဏပေါ့...သူကဆွဲဆောင်မှုတော့ရှိသားဗျ....အဲလိုနဲ့ကျွှန်တော်တို့နှစ်ယောက်ရဲ့သံယောဇဉ်တွေကတစ်နေ့နဲ့တစ်နေ့ပိုလိုပိုလို့ပေါ့...အဲလိုနဲ့ပဲတစ်နေ့ကျွှန်တော်ကသူ့ကိုချစ်ရေးဆိုလာတော့တယ်..........သူကလက်မခံဘူ...ဘာလို့လဲတော့ကျွှန်တော်လဲသေသေချာချာပြောမတတ်ဘူ....ကျွှန်တော်သူ့ကိုတွေ့ရင်အရမ်းပျော်တယ်....ကျွှန်တော်ကတော့သူ့ကိုအရမ်းချစ်တယ်လို့ထင်တယ်.....တစ်ခါမှမချစ်ဘူးတဲ့အချစ်ရှုးမို့လို့လားတော့ပြောမတတ်ဘူး....ချစ်တယ်...သူ့ကိုတွေ့ရင်လောကကြီးကိုတောင်မေးလျှော့နေတယ်....ကိုယ့်ကိုယ်ကိုပြန်မေးကြည့်တယ်....တစ်ခါတစ်လေ.....ငါသူ့ကိုအရမ်းချစ်နေပြီလား....မချစ်တတ်တဲ့ငါ့နှလုံးသားကသူနဲ့တွေ့မှချစ်တတ်လာတာလား.......ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ်ပြန်မေးကြည့်တယ်.....နောက်ဆုံးအဖြေရလာတာကတော့ငါတစ်ကယ်ပဲချစ်တတ်နေပြီပါလားဆိုတာကို...သိခဲ့ရတယ်....ဒါပေမယ်...သူဘက်ကတော့ကျွှန်တော်ကို....ခုချိန်ထိကိုကွဲကွဲပြားပြားအဖြေကိုမပေးခဲ့သေးတာပဲ.....ငါ့မှာဘာတွေသူမကြိုက်တာရှိခဲ့လို့လဲ.....ငါ့ကိုယ်ငါအကြိမ်ကြိမ်ပြန်မေးခဲတယ်....ငါဆိုတဲ့ကောင်ကခုချိန်ထိချစ်သူရည်းစားဆိုတာမထားခဲ့ဖူးဘူး.....မိန်းမကိစ္စဆိုလဲကင်းရှင်းပါတယ်....ဒါနဲ့ဘာကြောင့်များငါ့အချစ်ကိုသူလက်မခံတာလဲဆိုတာဝေခွဲရခတ်နေတယ်......ဒီလိုနဲ့တစ်နေ့သူနဲ့တွေ့တော့ငါမေးမယ်လို့ဆုံးဖြတ်ထားတဲ့မေးခွန်းလေးကိုငါမေးလိုက်တယ်.....မင်းငါ့ကိုဘာလို့ခုချိန်ထိအဖြေမပေးသေးတာလဲလို့မေးလိုက်တယ်.....ငါ့ကိုမလည့်စားပါနဲ့ကွာ....မင်းကြောင့်ငါအရှုးတစ်ပိုင်းဖြစ်တော့မယ်မင်းသိလား......မင်းငါ့ကိုမရက်စက်သင့်ဘူးလို့ငါထင်တယ်.....မင်းငါ့ကိုခုချိန်ထိအဖြေမပေးသေးတာလဲဆိုတာငါရှင်းရှင်းလင်းလင်းသိချင်တယ်...ငါ့ကိုပြောပြလို့ရမလား.....အဲတော့သူကဘာပြောတယ်မှတ်လဲ...................................................................................................................................ယုံတော့ယုံချင်တယ်မယုံရဲ့လို့ပါတဲ့........................................................................................................................အဲချိန်မှာပဲကျွှန်တော်လန့်နိုးလာတာသိလိုက်တယ်......ဟာ.....အိမ်မက်လားတစ်ကယ်လားကွာ......

မာယာ...........



အလင်းတုတစ်ချို့နဲ့ ဖြားယောင်း

အမှောင်မိုတ်ဆုံး လမ်းရောက်မှ

စွန့်ခွာရက်ခဲ့သူ……………..။

အချစ်စစ်

အချစ်စစ်


....

သက်ပြင်းတွေကိုသာ...စကားလုံးဖြစ်ပြေင်းလဲနိုင်ရင်...နင့်ရှေ့မှာချမိတဲ့...သက်ပြင်းတွေရဲ့အဓိပ္မါယ်ကို...နင်နားလည်နိုင်မှာပါ...အကြည့်တွေကသာ...ရင်ထဲကခံစားချက်ကို...ဖော်ပြနိုင်ရင်...ငါ့မျက်လုံးရဲ့အကြည့်တွေကို...မင်းနားလည်မှာပါ...အချစ်စစ်ဆိုတာကို...မင်းယုံကြည်လာတဲ့တစ်နေ့ကြရင်...ငါမင်းကိုဘယ်လောက်ချစ်တယ်ဆိုတာကို...မင်းနားလည်တတ်လာမှာပါ...ချစ်သူ.........

အထီးကျန်ည


ထားခဲ့တဲ့မင်း...
ကျန်ခဲ့တဲ့ငါ...
ငါ့ဘ၀နဲ့ငါ...
... ထားရာနေ...
စေရာသွား...
ငါ့ဘ၀နဲ့ငါမို့...

ဒဏ်ရာနဲ့နှလုံးသား


လှပတဲ့မင်းကို
မြင်မိတဲ့
ငါ့မျက်လုံးအစုံက
နှလုံးသားတံခါးကိုခေါက်
ဒေါက်...ဒေါက်...ဒေါက်

အလွမ်း


                    အလွမ်းတွေပြည့်နက်နေတဲ့ငါ့ကမ္ဘာ
                        
                        နေ့တိုင်းလွမ်း

                        ညတိုင်းလွမ်း

                        လွမ်းလွန်းလို့ငါ

                        လွမ်းခဲ့ရတဲ့ရက်တွေ

ရင်ထဲရှိတာ

ရင်ထဲရှိတာ



မဆိုင်တော့ဘူး..
ဒါပေမယ့်..
နင့်အကြောင်းကြားတိုင်း..
ဘယ်ဘက်ရင်အုံအောက်က နှလုံးသား...
ဆတ်ခနဲ လှုပ်လှုပ်သွားတယ်.....။

စည်းခြားထားပြီးပြီပဲ...
ဘယ်တော့မှ ပြန်မနီး.....
နာကျင်နေလဲ အချည်းအနှီးလေ.........

ဒဏ်ရာ အထပ်ထပ်နဲ့....
အခါခါ ကွဲအက်ခဲ့တဲ့ အသည်း....
ငါ့ကံကပဲ....
မွဲလွန်းနေတာလား.............

မီဒီယာလွတ်လပ်ခွင့် အတွက် အကြံပြုမည့် အလုပ်ရုံ ဆွေးနွေးပွဲစတင်

ချင်းမိုင်(မဇ္စျိမ) ။        ။ ပြည်တွင်းပြည်ပမှ ထိပ်တန်း မြန်မာသတင်းစာဆရာများ တက်ရောက်နေသည့် ‘ဒီမိုကရေစီ လူ့ဘောင်အတွင်း မြန်မာ့မီဒီယာ ဖွံ့ဖြိုးစေရေး’ ဟု အမည်ပေးထားသည့် မီဒီယာ အလုပ်ရုံဆွေးနွေးပွဲမှ သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ မြန်မာအစိုးရထံ အကြံပြုမည်ဟု သိရှိရသည်။

ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တနင်္လာနေ့က စတင်ကျင်းပသည့် ဆွေးနွေးပွဲသို့ ဘီဘီစီ၊ ဗွီအိုအေ မှ
မြန်မာပိုင်း ဌာနမှူးများ၊ မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာများ၊ ဒေသတွင်း သတင်းစာဆရာများ နှင့် ပြည်တွင်းအခြေစိုက် သတင်းအယ်ဒီတာ စုစုပေါင်း ၁၂ဝ ခန့် တက်ရောက် ဆွေးနွေးနေကြသည်ဟု သိရသည်။

စင်္ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
 ။       ။ မြန်မာနိုင်ငံ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်္ကာပူနိုင်ငံမှ နည်းပညာနှင့် သင်တန်းများ ရယူသွားရန် တနင်္လာနေ့က နှစ်နိုင်ငံ လက်မှတ်ရေးထိုးကြကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မဲဆွယ်စည်းရုံးခြင်း ကိစ္စများအတွက် ကော်မရှင် သတိပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
      ။ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအတွက် စည်းရုံးမှုပြုကြရာတွင် ကော်မရှင်မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် တားမြစ်ချက်များကို တိကျစွာလိုက်နာရန် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်မှ အင်္ဂါနေ့တွင် ကြေညာချက်ထုတ်၍ နိုင်ငံပိုင် သတင်းစာများမှတဆင့် ထပ်မံသတိပေးလိုက်သည်။

၅,၀၀၀ တန် SIM Card မကြာမီ ရတော့မည်ဟုဆိုပြန်


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။        ။ ဖုန်း SIM Card တခုကို ကျပ် ၅,၀၀၀ ဖြင့် အများပြည်သူသို့ ရောင်းချပေးရန် မဖြစ်နိုင်သေးဟု
မြန်မာ့ ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်အပြီး တရက်အကြာ အဆိုပါ ဖုန်းကဒ်များကို ကျပ် ၅,၀၀၀ ဖြင့် မကြာမီ ရောင်းချနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာ့ဆက်သွယ်ရေးမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် "ဆက်သွယ်မှု ကွန်ယက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာ လိုအပ်ခြင်းနှင့် တည်ဆဲဥပဒေတို့အရ ကိုက်ညီမှု မရှိခြင်းတို့ကြောင့် ကျပ် ၅၀၀၀ တန် ဖုန်းကိစ္စမှာ လောလောဆယ်တွင် ဖြစ်နိုင်ခြေ မရှိသေး" ဟု ထုတ်ပြန်ခဲ့သည်။

ကုလားတန်စီမံချက်ကိစ္စ နယူးဒေလီတွင် ချင်းပါတီ ဆွေးနွေးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Jamia Millia Islamia တက္ကသိုလ်တွင် ကျင်းပရန် ရှိသည့်
မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကုလားတန် မြစ်ကြောင်း စီမံချက်နှင့် ပတ်သက်၍ ဆွေးနွေး တင်ပြသွားမည်ဟု နယူးဒေလီရောက် ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါ် (ခ) ဇိုဇမ် က ပြောသည်။

Bridging South and South East Asia ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲသို့ မြန်မာ့ နိုင်ငံရေး ပါတီ ၈ ခုမှ ကိုယ်စားလှယ်များ စနေနေ့က ရောက်ရှိနေပြီး အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်နေ
သော ကုလားတန် စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု ဦးဇမ်ကျင့်ပေါ် က မဇ္ဈိမကို ပြောသည်။
Kaladanproject

Monday, January 30, 2012

မထမဆုံးခြေလှမ်း



ငါသည် ကျောင်းဝန်း ၂၀၀၄ အတွင်း
အမှတ်မထင် သူ့ ရုပ်အင်ကို
တွေ့ ရ ၊ မြင်ရ ဆုံတွေ့ ရ၍
ရင်တွင်း အသည်းလွှာ တစ်နေရာမှာ
သူ သည် ဦးစွာနေရာ ရ၏ ။ ။
* အကြင်နာ အရွယ်ရောက်လို့ 

Internet ချစ်သူ

Internet ချစ်သူ

ဘုရားသခင်ရဲ့၊ဆန္ဒအရ
တစ်ယောက်တစ်နေရာ
မြေပြင်လွှာခြားပေမဲ့
တမိုးအောက်ထဲတော့အတူတူ။
အယူအဆ၊ဘာသာတွေကွဲပေမဲ့
ဘာသာလမ်းဆုံက၊အကြင်နာနဲ့မေတ္တာတရား။
ကံတရားပါခဲ့လို့၊သည်ကမ္ဘာမှာကြုံခွင့်ရ
ကြင်နာကြတာကလဲ၊ဘေးလူတွေဟားကြတဲ့အထိ။

ငြိမ်းချမ်းရေး ကြေငြာစာတမ်း



ရန်ဖြစ်ပြီးမှ
ပြန်ချစ်ကြတာ
သဘာဝပါကွယ်.....။

စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတာတော့.....
ရင်ထဲက
တသသ နာလွန်းတယ်.....။

မှာတမ်း

မှာတမ်း

လေညင်းလေးရေ..
သူ့ကိုလေ..
တွေ့ရင်ပြောလိုက်ပါ..
သိပ်လွမ်းရတယ်..လို့......။

စိမ်း...



(၁)
စာနာမှုတွေချုပ်ငြိမ်း....
ကိုယ့်တစ်ယောက်ကိုမှ..
မျက်လုံးစိမ်းနဲ့ ကြည့်တတ်သူရေ........။

(၂)
မဖောက်မလွဲ....
ကိုယ့်မေတ္တာက...
မင်း....
တစ်ယောက်ဆို..တစ်ယောက်ပဲမို့.....
မင်းရှေ့မှာ...ဒူးထောက်....
ကိုယ့်ဘ၀တစ်ခုလုံး...
သွန်လိုသွန်...မှောက်လိုမှောက်ပေါ့......။

ချစ်ခွင့်မရှိရင်



ချစ်ခွင့်မရှိရင်....
အားငယ်...စိုးထိတ်....
ရင်ထဲမှာ...၀မ်းနည်းစိတ်တွေနဲ့...
ဖြေဆည်မရ...
ခွေယိုင်နွမ်းလျ....လို့လေ.....။

ချစ်ခွင့်မရှိရင်....
အတိတ်ဘ၀..ပျော်ခဲ့ရတဲ့ကာလတွေကို.....
ပြန်လည်တွေးတော...မြင်ယောင်ငေးမောရင်း...
အလွမ်းတွေသီကုံး..
မျက်ရည်တွေဖုံး...လို့လေ.....။

ကြွေတဲ့...လမ်း

ကြွေတဲ့...လမ်း
မင်းပြုံးရင်...ပျော်တယ်
မင်းမုန်းရင်...ငိုမယ်။
မင်း,ထားခဲ့တဲ့အခါ
ခွေယိုင်ညွှတ်ကျ
မထူမ,နိုင်။

ရင်ဖွင့်ပြချင်တယ



ရင်ဖွင့်ပြချင်တယ်....
နင်မသိခဲ့တဲ့ ငါ့ရဲ့ အချစ်တွေအကြောင်း...
နင်..ပျင်းရင် ဖတ်ဖို့...
ပုံပြင်ဟောင်းလေးပေါ့........။

ရင်ဖွင့်ပြချင်တယ်....
နင်မသိခဲ့တဲ့ ငါ့ရဲ့ အလွမ်းတွေအကြောင်း....
နင်..နားထောင်ဖို့....
သီချင်းဟောင်းလေးပေါ့.........။

တစ်ဖက်သတ်



(၁)
ချစ်လွန်းလို့..ဒူးထောက်ခဲ့တာပါ.....
မင်း..သွန်လိုသွန်..မှောက်လိုမှောက်ပေါ့.....
လိုသလို..ပုံသွင်း.....
ကိုယ်က...
မင်း.လက်ခုပ်ထဲက...ပင်လယ်တစ်စင်းလေ....။

ရင်ထဲရှိတာ



မဆိုင်တော့ဘူး..
ဒါပေမယ့်..
နင့်အကြောင်းကြားတိုင်း..
ဘယ်ဘက်ရင်အုံအောက်က နှလုံးသား...
ဆတ်ခနဲ လှုပ်လှုပ်သွားတယ်.....။

စည်းခြားထားပြီးပြီပဲ...
ဘယ်တော့မှ ပြန်မနီး.....
နာကျင်နေလဲ အချည်းအနှီးလေ.........

ဒဏ်ရာ အထပ်ထပ်နဲ့....
အခါခါ ကွဲအက်ခဲ့တဲ့ အသည်း....
ငါ့ကံကပဲ....
မွဲလွန်းနေတာလား.............

အဖြူသက်သက်



နာကျင်စရာတွေနဲ့...
ခံစားချက်မဲ့ နေတဲ့
ငါ့ရင်ထဲမှာ....
နင့် အတွက် စကားတွေရှိတယ်........။

ချစ်သူရယ်.....
နင်က .. ငါ့ရဲ့ ပင်လယ်ပါ.....
နားလည်ရခက်တဲ့ ရာသီဥတုနဲ့...
မုန်တိုင်း တစ်ခါ လေပြေ တစ်လှည့်....
ငါ့ အသည်းကို...
တစ်စစီ ချွေဖဲ့ ခဲ့တယ်............။

အလွမ်းနက္ခတ်

အလွမ်းနက္ခတ်

ဘယ်လိုဂြိုလ်ဆိုးတွေကြောင့်လဲ….
လွမ်းခဲ့ရတာ ဆယ့်နှစ်ရာသီ…
ချစ်တတ်စကတည်းက အလွမ်းနဲ့ယဉ်ပါး….
ငါက….
အလွမ်းရာသီဖွားပါ………..။

ဇာတာကို တွက်ချက်….
စန်းယှဉ်တာက အလွမ်းနက္ခတ်တဲ့…
ကံကြမ္မာပြဌာန်း..
လွတ်လမ်းလဲ မရှိတော့ပါဘူး….

အလွမ်းကဗျာ



မလွမ်းဘူး၊မလွမ်းဘူးဆိုပြီး
မလွမ်းဖူးသလိုမျိုး လွမ်းနေလိုက်ရတာ
ကြိုးကြာငှက်တွေ တောင်အရပ်ကိုပြန်လာတာ မသိလိုက်ဘူး။

အနာဂတ်ဆိုတာ
မိုးကြိုးသွားပေါ် ငုတ်တုတ်လေးထိုင်ပြီး
သက်တန့် ကြီး ပြိုလာတာကို
တစ်ကိုယ်တည်းစောင့်နေရသလိုမျိုး။

အလွမ်း




  
နှလုံးသားက ဆန္ဒကို

ဦးနှောက်က ထိန်းချုပ်လို့ မရနိုင်

ပိုင်ဆိုင်လိုတဲ့ ငါ့ဆန္ဒကို

အခြေအနေက မျက်နှာသာမပေး
   . . .      

အလွမ်းကဗျာ



ချစ်သူ...
မြတ်နိုးခြင်းတွေ..တစ်ပွေ့တစ်ပိုက်...
လေညင်းလေးနဲ့ ပို့လိုက်တယ်...
ချစ်သူခံစား..
လွမ်းဆွတ်မှုတွေ ပြေစေသားကွယ်.......။

အနားမှာ..နေ...
တစ်ဖ၀ါးမှ..မခွဲခွာချင်ပေမယ့်...
အခြေအနေ..မပေးလို့...
တို့တွေ...ဝေးနေကြရဦးမယ်........။

လူထု နှလုံးသား၊ ပြည်သူ့သွေးသား




အမေ…
တွေဝေခြင်း ကင်းအောင်
လမ်းပြဆောင်တယ်
ကျေးဇူးပါ…အမေ….။

ပြုံးနိုင်ပါစေ

လူတွေ အထင်လွဲတာကို ခံရတဲ့အခါ ပါးပါးလျလျလေး ပြုံးပါ။ ဒါဟာ အသိပညာနဲ့ပြည့်စုံခြင်း တစ်မျိုးပါ။

မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်း တစ်မျိုးပါ။

နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါ

ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြက်ခြင်းတစ်မျိုးပါ။

လူ့ဘဝ ဒီတစ်သက်..




လူ့ဘဝတစ်သက်က သွားသုတ်သုတ် လာသုတ်သုတ်ပါပဲ။ ဆွေမျိုးမိဘတွေရဲ့ ပြုံးပျော်ရယ်မောသံကြားမှာ ကျွန်တော်တို့ မွေးဖွားခဲ့တယ်။ ပြီးတော့ မောင်နှမဆွေမျိုးတွေရဲ့ ဝမ်းနည်းငိုရှိုက်သံကြားမှာ ကျွန်တော်တို့ ထွက်ခွာခဲ့တယ်။ ကျွန်တော်တို့ရဲ့ ရှင်ခြင်း၊ သေခြင်းကို ကျွန်တော်တို့ဆုံးဖြတ်ခွင့်မရှိဘူး။ ဒါပေမဲ့ ဒီတစ်သက်ပိုင်ဆိုင်ရတာကို ကျွန်တော်တို့ဝမ်းမြောက်ပျော်ရွှင်သင့်ပါတယ်။

"အိပ်စက်ခွင့်"





အိပ်မက်တွေလည်းမမက်ပါရစေနဲ့
လက်တွေ့ဘ၀မှာ စိတ်ကူးယဉ်မှုမရှိတဲ့ငါ
ည ညကောင်းမွန်စွာသာအိပ်စက်ခွင့်လေးပေးပါ

အကြင်နာ ပန်း ဥယျာဉ်





တိတ်တခိုးအချစ်နဲ့ မျိုးစေ့ပျိုးပြီး
မေတ္တာရေတွေ လောင်းသွန်လာတော့
အချစ်ပန်းလေး လန်းပြီပေါ့
အကြင်နာပန်းလေးလှစေဖို့
ကိုယ်တိုင်ပျိုးလို့ မချိုးရက်တာ
ဝေးဝေးကဘဲကြည့်နေမှာ (ဥယျာဉ်မှုး)

***ပြောင်မြောက်တဲ့ပန်းချီကား***





စိမ်းလို့မဟုတ်ခဲ့ပါဘူး

ပတ်ဝန်ကျင် ဠှိုင်ဂယက်ရဲ့

ရိုက်ချက်ပြင်းပြင်း ဒဏ်ကို

လေနှင်ရာလွင်.ပေးနေရတဲ.တိမ်တွေလို ..



ဘ၀တွေက...
ကံစီမံရာအတိုင်း လိုက်လွင်.ပေးနေရတာများ....။

အတ္တတိမ်




မန်ကျည်းကိုးပင် နဲ. သဲကိုးဖြာ

ဘယ်ဒင်းကပိုပါသလဲ။

အတ္တကို အတ္တကစေ၊

သင်.ကိုသင် လှည်.စား

အမှားတွေမမြင်နိုင်လောက်အောင်

ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?


ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

*ဇနီးရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?*

၁) မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ

၂) သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ

၃) သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ

၎) ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ

ညီမလေး အတွက် လက်ဆောင်


ညီမလေးရေ...

မင်းကအရုဏ်ဖြစ်ပြီး ငါက ဆည်းဆာပေါ. ...

မင်းက ကာရန်ဆိုရင် ငါက ရစ်သမ်လေ ....

မင်းက ညဆိုရင် ငါက လမင်းပေါ. ...။

ငါလေ ...

ငါ.အသက်ကို ထက်ဝက်ခွဲလို.

စိတ် နဲ. ကိုယ် ကို နှစ်ကိုယ်ခွဲလို.ရရင်ကောင်းမယ် လို. တွေးမိပါရဲ. ....။

နင်နဲ့ နီးစပ်ဖို့




နင်က မိုးစက်လေး ဆို ငါမြေကြီး ဖြစ်ချင်တယ်

ဒါမှ ထိတွေ့ခွင့် ရမှာလေ...

နင်က လက်ဖ၀ါး ဆို ငါကလည်း လက်ဖ၀ါးပဲပေါ့

ဒါမှအသံမြည်မှာလေ...