Wednesday, February 8, 2012

ဝိရောဓိ

                                               ဝိရောဓိ


အေးစက်လွန်းတဲ့ ညက
စက္ကန့် တစ်ခုနဲ့ တစ်ခုကြား
တစ်ကမ္ဘာ…
ငါ ကိုယ်တိုင် နားမလည်တဲ့
ငါ့စိတ် နဲ့ ငါ့စည်းကြား
ဗျာများနေတဲ့ ငါ ..
ဟာ........
ငါ… ဆိုတာ ရှိသေးပါရဲ့...
အတွေးတွေ...အတွေးတွေထဲ
ဗျာများရင်း...

ငါ ...
တစ်ခါ ပြန်ပျောက်သွားပြန်ရဲ့
အားးး….
အာခေါင်တွေ ခြောက်ကပ်လာပြီ..
နေ့…ရော… ည ပါ…
ငါ့ရဲ့  အသည်းနှလုံးထဲက..
ငါ့ကို......
ငါ့ဆီ... ပြန်ပေးပါ..။.

No comments:

Post a Comment