Wednesday, February 8, 2012

အိပ်မက်အလွန်

လာလေသွားစို့ 
တို့နှစ်ယောက်အတူ
ဟိုးအဝေးက လမ်းတွေဆီ... 

ရင်ခုန်ဖွယ် ကမ်းလင့်တဲ့ လက်
ရစ်မူးဖွယ် ပြုံးတဲ့ နှုတ်ခမ်း
ယုံကြည်ချက်တွေ ခပ်နက်နက်နဲ့
အမြင့်ပျံငှက်တစ်ကောင်ရဲ့ နားခိုရာ
ဒါမှမဟုတ်
အတူ ပျံသန်းမယ့် တောင်ပံတစ်စုံလား...
မျှော်လင့်ခြင်းတွေနဲ့ ရပ်ကြည့်နေရင်း
မာယာအဖြစ် အသွင်ပြောင်းသွားခဲ့
ဒါဟာ တစ်ချိန်မှာ ဝေဝါးသွားမယ့်အိပ်မက်တဲ့...

အလင်းတွေ အရောင်ရင့်တဲ့အချိန်
နေ့သစ်ဆီကို ရောက်ဖို့.
လန့်နိုးခဲ့ရပြန်ပေါ့...
  

မနက်ခင်းတွေက ..
အလွမ်းတွေနဲ့
လေးလံလွန်းတယ်...။ ။

No comments:

Post a Comment