Wednesday, February 8, 2012




ပေးဆပ်သူ

အားအင်တွေ ပေးတဲ့
နေခြည်နွေးနွေးရဲ့
ပွေ့ဖက်ခြင်းခံရတဲ့နေ့တွေအစား
ပူလောင်ခြင်းက
ခုဆို.. ခက်ထန်စွာ..။

အသက်ဆက်ခွင့်ပေးတဲ့
ရှင်းသန့်တဲ့ လေဟာ..
ညစ်နွမ်းစွာနဲ့
တိုးဝှေ့နေဆဲ..။

ဘဝတွေ
ပြည့်စုံဖို့..
သူ့ဘဝကို
အစွမ်းကုန် စတေးခဲ့သူ..

နှစ်ပေါင်းများစွာ
တစ်ဖက်သတ်
ချစ်ခဲ့ရသမျှ
ခုဆို ..
သူပင်ပန်းနေရှာပြီ။

သူ့ပေးဆပ်မှုတွေကို
ပြန်ကြင်နာဖို့..
ပြန်လည် ပေးဆပ်ဖို့
မေ့နေခဲ့ကြတာ..
သူတစ်ခွန်းမှ အပြစ်မတင်ခဲ့
ဒါပေမယ့်..
သူ့မှာ အင်အားမဲ့နေရှာပြီ။

အို ..
ချစ်သော မြေကမ္ဘာ..
ကြွေမှာစိုးတယ်..

သူ့ခမျာ..
နာမကျန်းဖြစ်နေရှာပြီ..

ကျေးဇူးမေ့နေတဲ့
တို့တွေ..
သူ့အတွက်..
ပြန်ပေးဆပ်ကြရအောင်..

သူ့တစ်ဖက်သတ်အချစ်ကို
တုန့်ပြန်..
ပြန်လည် ပေးဆပ်ဖို့
ကြိုးစားရင်း..
ချစ်မြတ်နိုးစွာ..
အတူယှဉ်သန်ကြစို့လား..။

No comments:

Post a Comment