Wednesday, February 8, 2012

ပျိုးခင်း




ပန်းလေးတစ်ပွင့်

မွှေးပျံ့စွာပွင့်လာဖို့

ရေလောင်းပေါင်းသင်ချိန်တော့

လိုသေးတယ်....။









သက်တံ့ ကို မြင်ရတဲ့


 
ပျော်ရွှင်ခြင်းကို

ခံစားဖို့ ..

မိုးသည်းချိန်ကိုတော့

ဖြတ်ကျော်ရမှာပဲပေါ့...။

တောက်ပတဲ့

အနာဂတ်တွေ...

ပြည့်စုံတဲ့

ကြည်နူးခြင်းတွေကိုရဖို့

အားအင်တွေ ဝေမျှရင်း



ကျော်ဖြတ်ကြဖို့..

ဟိုး... အရှေ့ဆီမှာ..

ယုံကြည်ထားတဲ့

စိမ်းလန်းခြင်းတွေအတွက်..

အချိန်တွေကို ပျိုးရဦးမယ်.... ။ ။

No comments:

Post a Comment