Wednesday, February 8, 2012

အလွမ်းဒဏ်


ခပ်ပါးပါးခြုံထားတဲ့

လွမ်းဆွတ်ခြင်းက...

ရင်ခွင်ကို လာတိုးတဲ့..

မိုးမသောက်သေးတဲ့ ည...

ခါးဆိမ့်ဆိမ့် ကော်ဖီခွက်...

သီချင်းသံ ခပ်တိုးတိုး...



အဆုံးထိ မဖတ်ရသေးတဲ့

စာအုပ်တွေရဲ့ ကြား...

ကွက်လပ် ရဲ့...

တိုက်စားမှုကြောင့်..

ငါ့ ရင်ခွင်တစ်ခုလုံး...

ပြိုကျခဲ့..

အသင် အာဒံ..

သင့် ရဲ့နံရိုး..

ကြေမွသွားမှာတော့..

သင် စိုးသင့်တယ်... ။ ။

No comments:

Post a Comment