Wednesday, February 1, 2012

တောင်းပန်ခြင်း

ယုံကြည်လေဟု
မျက်ဖြေခံခု၊ နုရွတင်ကျန်
နားစံစူးနစ်
အဖြစ်အပျက်ကြုံ
ဆုံခဲ့မိသေး၊ သိပ်မဝေးဘူး

ခံစားဖူးသိ၊ ဒွီဟရှိလိမ့်
ဖြေသိမ့်မနိုင်၊ လှမ်းကိုင်ဆွဲယူ
လမ်းသစ်ထူလွှင့်၊ တူသူနှင့်တွဲ
ဖေးမနွှဲကူ၊ လှမ်းယူချိုးဖျက်
ရွက်ဖွင့်ထွက်ပြီ၊ ဆက်နွယ်စာနာ
ညှာတာပါလှည့်
အို ပုရောဟိတ်ဆိုသူတွေငဲ့…..။

No comments:

Post a Comment