Wednesday, February 1, 2012

သမုတိတစပြင်

ဖုန်းဆိုးလမ်းက
ကြမ်းတမ်းစွစစ်မြေပြင်မှာ
ရှင်သန်လုသုခုမ
ဘ၀တို့ရဲ့ကျဆုံးခြင်း

အလှသုဉ်းခြင်း
အစတုံးခြင်း…တွေ့နဲ့။
အနဂ္ဃခရီး
သွေးချင်းချင်းစီး၍
မီးလောင်ပြာကျ
အစစချုပ်ငြိမ်း
ခပ်သိမ်း….ပြီးတဲ့အခါ။
ကျဆုံးခဲ့သစ္စာတရား
နင်းပြားခံသုခုမ
လောကမီးလောင်ပြင်မှာ
ရင်နာမှုကြီးထွားစွာနဲ့
တထီးတမားထရောက်
ဖွားမြောက်လာတဲ့အခါ…။
အဂတိများနဲ့
ပကတိတရားမဲ့
ဒဏ်ရာအပြည့်ထင်
ဝိညာဉ်တို့ရှင်ပြန်အထ
ထာဝရမသေခဲ့ပါ…..။
သစ္စာကင်းသူနောက်နားက
ပေါက်ပွားတဲ့မြက်တပင်
အသက်ရှင်သူကျွန်ုပ်
ဟုတ်ခဲ့ပါလျှင်….။
အဘယ်….မိခင်ပထ၀ီ
ရာသီပျက်ယွင်း
စက်ကွင်းမလွတ်သောကာလ
ခဏ ကျွန်ုပ်ကိုသေခွင့်ပြု။

No comments:

Post a Comment