Wednesday, February 1, 2012

ကြေးညိုအဆင်းနဲ့အလင်းစစ်သည်


ရဲရင့်တဲ့အဖော်
ရဲဘော်တို့ရေ
နှင်းတွေကို လိမ်းကျံ
မြောက်ပြန်လေအေးအေးနဲ့
ဟမန္တတေး ဆိုငြီးကြတဲ့အခါ။


စမ်းရေတို့
ကြည်လင်ပြေးထွက်
မနက်ခင်းသစ်များဆီကို
နှင်းတွေဝေနေတုန်း။
ဒီလိုနဲ့
ဆောင်းမှာမွေးတဲ့
(သားငယ်လေး)
မွေးနေ့ပွဲကျင်းပ
ကြေးညိုရောင်တောက်ပနေလို့။
သားရေဖုံးပြီး
ရွှေစာလုံးနဲ့ ရေထိုးရမယ်
“မကဒတ” ပါ။
“ကျောင်းသားတပ်မတော်” တဲ့
ရဲရင့်တေးဆို
နုပျိုခြင်း အထိမ်းအမှတ်
ဂုဏ်ယူတတ်မယ်ဆိုရင်။
ဟေမန္တမှာ
မွေးဖွားတဲ့နမိတ်
ငြိမ်းအေးခြင်း သင်္ကေတ
ချိုမြနေသော အနာဂတ်ဆီကို။
ရဲရင့်တဲ့အဖော်
ရဲဘော်တို့ရေ
လောကဓံပေါ် တွေဝေစရာမရှိ
ခံနိုင်ရည်ဆိုတာ ပီတိ။
ရင်ခွင်ထဲမှာ
အေကေကို ပွေ့ပိုက်လို့
နှလုံးရည်တိုက်ပွဲကိုလဲ
တိုက်တတ်ရမယ်လေ။
မင်္ဂလာသီချင်း
နှင်းတွေဝေတဲ့ မနက်ခင်းအသစ်ဆီ
အလင်းစစ်သည်
ရှေ့ကိုချီ။  ။

No comments:

Post a Comment