Wednesday, February 1, 2012

နောက်ဆုံးနေ့၏နောက်


တခါက
နောက်ဆုံးနေ့များ….ရဲ့အရှေ့မှာ
သခင်သန်းထွန်း၏….လို့ထည့်စပ်ပြီး
ဝါဒဖြန့်ခဲ့ဖူးပါတယ်။
မူတွေလူတွေ ငြင်းတဲ့အခါ
အသင်းဖွဲ့တာဖွဲ့၊ အတင်းလှည့်တာလှည့်နဲ့
ရှင်းမရပဲလဲ ဖြစ်တတ်ပါတယ်။


ဆိုပါစို့ ဥပမာ
ယခုအခါမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်
အဖြစ်ငြင်းရင် ငြင်းမယ်
အသစ် (ပြောင်း) ခင်းယင်ခင်းမယ်
ရှင်းချင်မှတော့ ရှင်းလိမ့်မယ်။
ဒီအချိန်မှာ
သေချာတာ ရေရာတာဆို
ဒီမိုကရေစီ
လူ့ပြည်တခွင်လုံး အုံးအုံးကြွက်ကြွက်
ဘ၀ဂ်ညံအောင် တောင်းဆိုနေသံတွေကြားရမယ်
အာဏာရှင်ဘ၀များ
ကျပြီးရင်းကျနေတာတွေ မြင်ရမယ်။
မြန်မာသမိုင်းရဲ့
အပိုင်းအလှည့်တခုမှာ
ထည့်ပြုစုစရာ အမှန်ရှာတွေ့ရင်
နေ့နောက်ဆုံးရဲ့ နောက်ဆုံးနေ့ရှေ့မှာ
သင်ဆိုရင် ဘာဖြည့်မလဲ
အဖြေတွေ့တဲ့နောက်
သင်လျှောက်ရမယ့်လမ်းဟာ
လူ့အခွင့်အရေးပန်းမာလ်ဝေ
ပြည့်ချစ်သွေး ဒေါင်းအလံစေလို့
စည်မောင်းအောင်သံ မြိုင်မြိုင်နဲ့
ပြိုင်ဆိုင်ပျော်မဲ့ နန်းမဟာ
သာစွဌာနီ မြန်မာပြည်သို့သာဖြစ်ရမယ်

No comments:

Post a Comment