Wednesday, February 1, 2012

တော်လှန်သွေးများရဲပါစေ

မောရဒေါင်းမင်း အာရုဏ်ကျင်းတိုင်း
လစ်ဟင်းမပြတ် ရွတ်တတ်စဉ်လာ
ဒေါင်းဂါထာကြောင့် ထောင်ချောက်ကိုကွင်း

ဘေးရန်ရှင်းခဲ့။
တခါတပါး
ထွေပြားတွေဝေ မရွတ်ချေ၍
မသွေပျက်ယွင်း ညွှတ်ကွင်းမိလေ၏။
တော်လှန်သည့်လမ်း
ဖြတ်သန်းရုန်းကန် အားမာန်ထုတ်သော
ချစ်သောရဲဘော် အို ရဲဘော်တို့။
ဒေါင်းမင်းပုံလျှင်
မဆင်ချင်သော် ထွင်ခဲ့ လမ်းကြောင်း
အာရုံပြောင်းပြီး ထောင်းထောင်းညက်ကြေ
ကြွေခဲ့လေသော ကံခေပြည်သူ
ကျောမွဲလူတို့ အသူရာခံတွင်း
သက်ဆင်းဘယ်ခါ မလွတ်ရာပြီ။
လွတ်လပ်ခြင်းများ
ပျက်ပြားမိုက်မှောင်
ချိုင့်လှောင်အိမ်မှာ ပြည်သူဟာလည်း
ရင်နာမအေး ငိုကြွေးနေဆဲပါ။
လျှောက်ရသည့်လမ်း အလွန်ကြမ်းလည်း
ဆိုးသွမ်းယုတ်ညစ် ယင်းစံနစ်ကို
ချစ်ဆွေတော်လှန်လှဲ့ပါတော့။

No comments:

Post a Comment