Wednesday, February 1, 2012

ဘ၀တမ်းချင်း

မြေကမ္ဘာကိုဗဟိုပြု
ရေ၊ လေ၊ မြေ၊ နေ၊ အစုစုထဲမှာ
ငါတို့လူထုကို အာရုံပြုထားတယ်။
လူထုထဲက ငါတို့
ငါတို့ရဲ့ဘ၀ဟာ လူထု


ငါတို့နဲ့လူထု
အိပ်မက်ခြင်းဆက်
နာမ်ဓာတ်ခြင်းပေါင်းဖက်
အနာဂတ်ယက္ကန်းကြိုးထဲ
လွန်းထိုး ထွက်နေတယ်။
ငါတို့ဟာ
လူထုထဲသွား
လူထုထဲနေ
လူထုထံက သင်ကြား
လူထုကို ကူညီ
လူထုကျွေးသလောက်ပဲစား
လူထုပေးသလောက်ပဲယူ
လူထုကိုယ်ငွေ့ခြုံ
လူထုရှေ့မားမားရပ်
လူထုတပ်ဦးနဲ့ အောင်လံလွှင့်
လူထုလက်နဲ့ နိုင်ငံတကာလက်
တွဲဆက်ချီတက်သွား
လူထုသားများဖြစ်စေ။
လူထုဝေဒနာ
လူထုအကြင်နာ
လူထုစေတနာ
လူထုမှတ်တမ်း
နာကြားခံစား လမ်းတံတားလို
လူထုကို ဘန်းပြ
လူထုကျိန်စာခ
လူထုမသဒ္ဒါရေစာနဲ့
လူပါးဝနေကြသူတွေ…။
ဒင်းတို့ကို
ရေမြေအနှံ
တပ်လှန့်ချီကာ
ဖွင့်အန်ဖြိုချရင်း
လူထုစံပြ ဖြစ်စေကြ။

No comments:

Post a Comment