Wednesday, February 1, 2012

ပြည်သူ့အစိုးရ



ပြည်သူကို

ညှင်းပန်းနှိပ်စက် အနိုင်ထက်လျှင်

ရက်စက်လိမ်ညာ မပြုပါနှင့်။

ပြည်သူကို

ရန်သူသဘော စောကြောမှတ်ယူ

မတူဇာတ်ခြား မုန်းမထားနှင့်။

ပြည်သူကို

ထောက်ချင့်မညှာ ကောက်ကျစ်စွာနှင့်

မေတ္တာခေါင်းပါး မမိုက်မှားနှင့်။

မင်းကျင့်တရား ဆယ်ပါးအညီ

တိုင်းပြည်သာရေး ကြံဆတွေး၍

ရင်သွေးသည်းအူ တို့ပြည်သူကို

ဖြူသောတရား ပွားသောမေတ္တာ

မှန်စွာပြုတတ် မင်းမြတ်ကိုမှ

အားရနှစ်လို တို့ကြည်ညိုလိမ့်။

No comments:

Post a Comment