Wednesday, February 1, 2012

မိုးသောက်တမန်

မွန်းကျပ် ပိတ်လှောင်
ခိုလှောင်အိမ်လို ပိညပ်
စစ်ဖိနပ်အောက်က
အဖိနှိပ်ခံပြည်သူတွေရဲ့
ရှိုက်သံဝေတဲ့ မျှော်လင့်ချက်
တမ်းမက် ပုံဖေါ်ကာ


ငါတို့ရှိရာ အရပ်
ယုံမှတ်အားကိုး ငေးရီနေ။
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ
လေဆန်မှာ ထူလွှင့်
ရဲ့ရင်စိတ်ဓာတ် ထွေးပွေ့
သေနတ်ပြောင်းဝ ရှေ့မှာ
အာဏာရှင်ကို အံတုစစ်ခင်း
ညီအကိုသွေးရင်းများ
ငါ့တို့အား ကြိုလင့်နေကြပြီ။
အမျိုးသားလွတ်မြောက်ရေး
အမိမြေ ငြိမ်းအေးစေဖို့
ငါတို့ရဲ့ မဟာသမိုင်းသစ်
သွေးနဲ့ ထုဆစ်ရန်
ရေကန်အသင့် ကြာအသင့်ချိန်ပေါ့။
အဆီးအတား
ဖြတ်သန်း လွှားကျော်
တော်လှန်တဲ့ လက်များ
ပြည်သူ့ရဲ့ ချွေးစက်များနဲ့
ပေါင်းယှက် စုစည်းပြီးတဲ့အခါ…။
အရှေ့ဆီကရောင်နီ
အမှောင်ဆီထိုးခွဲ
စူးရဲစွာဖြာဆင်း
အမိမြေကိုချည်းနေပြီ။

No comments:

Post a Comment