Wednesday, February 1, 2012

ငှက်တိုင်းပိုင်သည်

ကြာသပတေး ညဦးယံ
ဘော်စတွန်
ကောင်းကင်ယံမှာ
နိုင်ငံအပိုင်းခြား၊ စည်းသားထားခြင်း
ကန့်သတ်ခြင်းဟူ၍ အလျဉ်းမရှိ။
ကောင်းကင် နိုင်ငံတော်သည်
တမျှော်တခေါ် ကျယ်ဝန်း၏


ငှက်မျိုးစုံတို့သည်
တောင်ဟုန်ကိုစီး၍
လိုရာခရီးကို ပျံသန်းနိုင်ကြကုန်၏။
လွတ်လပ်၏ ကျယ်ပြော၏။
ပျံပျူး၏။ သာယာ၏။
လစကြာသည်။
ဒေါင်းယာဉ်ပျံသည်။
ကောင်းကင်ယံကို စိုးမိုးထားခြင်း မရှိ။

No comments:

Post a Comment