Wednesday, February 1, 2012

ရွေးချယ်မှု

အနက်ရောင်လ
ဟိုင်းဝေးလမ်းမပေါ်
မတော်တရော်မြင်ကွင်း
စက္ခုပြင်းရှရှ
အလင်းရောင်များ အားနာပါ။
ချားရဟတ်
တပတ်ပြီးတပတ်
ဘယ်အရပ်မှာ ကပ်မလဲ။
ဒဏ္ဏာရီထဲက မအိုစာ

ဇာတ်လမ်းပါ
ကွမ်းတရာရေတမှုတ်
ကျွန်ုပ်တို့ကျေနပ်တတ်ကြလား။
မွန်မြတ်မှုပြယုတ်က
လတ်လတ်ဆတ်ဆတ် ၀ိဥာည်တွေရဲ့
အရိုးတွန်နေတဲ့ အသံမျှ
စံ-ကတော့
ဆုပ်လမ်းမရှိခြင်းကို ပြတယ်။
ကန့်သတ်မှုပြုထားတဲ့
အစားထိုးကုသမှုဟာ
ကမ္ဘာလူသားတွေ
အသက်ချွေ
ရီဝေ
ကြွေကျတဲ့ မျက်ရည် (ရေ) စ
ဘယ်ကလာသလဲ မမေးရ။

No comments:

Post a Comment