Wednesday, February 1, 2012

မျှော်လင့်ချက်မနက်ဖြန်

သေနတ်သံတွေ ဆူညံပွက်
ရက်စက်တဲ့မျက်နှာ
စစ်ဖိနပ်ရာ
ဒဏ်ရာသွေးစက်
နာကျည်းချက်မီးတောင်

အရောင်လင်းလက်
မျှော်လင့်ချက်အားဆေး
နွေးထွေးကြိုလင့်
အသင့်ရင်ဆိုင်
(ရန်သူကို)
အနိုင်ယူမယ့် မနက်ဖြန်။ 

No comments:

Post a Comment