Wednesday, February 1, 2012

ပေးနေတုန်း

သို့…
မလတ်ဆတ်ပေမဲ့
အထပ်ထပ်စိမ်
အကြိမ်ကြိမ် မွှန်းထား
တနေ့တော့…..။
ရပ်နားခြင်းမရှိ
ဆုတ်ရိုးမရှိ
ထိသိလမ်းမှာ


အမာရွတ်ဟောင်းတွေနဲ့…..။
ချုပ်ရာဗလပွ
အဖာရာ တရံမလပ်
လေဆန်ကို ဒလစပ်ဖြတ်
အဘိဓမ္မာတရပ်နဲ့….
သားပျောက် ပင့်သက်ခိုး
ဂတိ၊ တန်းဖိုး၊ အငြိုးတွေ
သိုက်မြုံဝေးတွေ
ရွာစဲ
သဲစဲ
ထက်ရှ ၀င်းပမြဲ
ထစ်ချုန်းစိုင်း ဟီးထနေရဲ့….
တောအုပ်ဗဟို ကြယ်ခည
အတွဲလိုက် ကြုံးဝါးဟစ်ကြွေး
နံရံထဲက တောက်ခေါက်သံတွေစီ
တနံတလျားက အံကြိတ်ထားတဲ့ ပန်းခင်းတွေအထိ…
မီးကျီးခဲကန္တာရ
တုန့်ပြန်မှုမဲ့ ဆွံ့အ
သူမ ပန်းတွေနဲ့ဝေ
ငါတို့ ယမ်းတွေနဲ့ကြွေ
လမ်းတွေ ရှင်သန်ထမြောက်နေစေရဲ့…
သို့…
ချစ်တတ်သူတွေ
ကြိုနေပါတယ်
ယုံကြည်ရာ တပွေ့တပိုက်နဲ့
စတေးရင်း
ရင်ကို ဖိသွေးနေတယ်။

No comments:

Post a Comment