Saturday, February 11, 2012

ဝဋ်နာ ၊ ကံနာ ၊ ဒီခန္ဓာ

ဆိုင်းသံ ဗုံသံမပါပဲ
ဝေဒနာ ပြင်းရှရှတစ်ခုဟာ
ခံစားမှု အဝန်းဝိုင်းထထဲကို
ညာသံပေးဝင်လာတော့ 
သွေးရူးသွေးတန်းဝင်လေထွက်လေကို
အနုလုံပဋိလုံ ထသုံးသပ်ပေမယ့် နောက်ကျခဲ့ပီ ။              ။

နာကျင်မှုဟာ ငါ့ကို
ထွက်ပေါက်မဲ့အောင် ချောင်ပိတ်ရိုက်လာလိုက်တာ
တချက်ချက် ငါ့သတိတွေ မျက်ဖြူစိုက်ကုန်တယ် ။             ။

ရုန်းရင်း ကန်ရင်း
ထိမ်းရင်း ချုပ်ရင်း
ငါ့သူငယ်အိမ်ဟာ
 မှောင်လိုက် လင်းလိုက် ။            ။

နောက်ဆုံး အလင်းတချက် ပျက်ပြီးတဲ့နောက်
အသိစိတ်တို့ ဓါတ်မပျယ်ခင်စပ်ကြား
ငါသိလိုက်ရတာက
ဒါဟာ ဘယ်လိုမှရှောင်လွဲလို့ မရတဲ့
ကံကြမ္မာက ပြဋ္ဌာန်းပြီးသား
ဝဋ်နာ ၊  ကံနာ  ။                 ။

No comments:

Post a Comment