Saturday, February 11, 2012

နှလုံးသွေးရဲ့ ချစ်ခြင်းကဗျာ


ကြယ်စင်တွေ အလင်းပြိုတဲ့ည
ဘဝ တစ်ခုကို တေးစပ်တဲ့အခါ
ကောင်းကင်ကြီး ပြိုကျလေမလား
နှမျောစိတ်နဲ့ စိုးရွံ့မိတာ
ကဗျာ တစ်ပုဒ် ရဲ့ ညတွေထဲ
အထီးကျန်မှု့ နဲ့ ကြုံတွေ့တဲ့အခါ
နာကျင်ခြင်းတွေ တစ်စစီ ပြန့်ကြဲ
 
ငိုနေတဲ့ ငါ့ရဲ့စိတ်မှာ
ရင်နာစရာ အလွဲတွေက
မသိမသာ လွမ်းတတ်ခဲ့တာ
နှလုံးသွေးနဲ့ ရေးခဲ့မိတဲ့
ဘဝတစ်ခု ရဲ့ ချစ်ခြင်းကဗျာ ။ ။

No comments:

Post a Comment