Friday, February 10, 2012

တမ်းမခြင်း

အရာအားလုံးကို
ဆုံးရှူံသွားပြီလို့
သိလိုက်ရတဲ့ လူတစ်ယောက်အတွက်
ဘယ်အ ရာတွေကို ရင်ဆိုင်ရဦးမှာလဲ
ထာဝရ ဦးညွတ်ပြီးသားပါ….
ပစ္စည်းတစ်ခု လိုအပ်နေလို့
ဆင်တူရိုမှားဖြစ်လောက်တဲ့အရာကို

အစားထိုးတာ ဖြစ်သင့်ပေမယ့်
ချစ်သူတစ်ယောက် ဆုံးရှုံးသွားလို့
သိပ်လှပါတယ်ဆိုတဲ့ ကောင်မလေးကို
အစားထိုးဖို့အတွက်
မင်းပိုင်တဲ့ ကိုယ့်နှလုံးသားကို
ဖြန့်ဝေမပေးနိုင်ဘူး…
သွားတော့လို့ဆိုတဲ့
မင်းရဲ့အဆုံးမရှိ စကားတစ်ခွန်းဟာ
လွမ်းနေမယ်ဆိုတဲ့
ကိုယ့်ရဲ့အဆုံးမရှိ စကားတစ်ခွန်းကို
လှောင်ရယ်ခဲ့တာ
မမေ့နိုင်သူအနေနဲ့
အမှတ်တရ ဖြစ်ပါရစေ ။

No comments:

Post a Comment