Monday, February 13, 2012

ကောင်မလေး သို့ .....
ကောင်မလေးရယ် ...
ဖြူစင်တဲ့ နှလုံးသားက
တိတ်တဆိတ် လှုပ်ရှားလို့
ရင်ခုန်သံ စည်းချက်တိုင်း
မင်း ... အငွေ့အသက်တွေနဲ့
အသက်ဆက် နေချင်တယ် .....


ရွှန်းလဲ့တဲ့ .. မျက်ဝန်းတွေနဲ့
ခဏတာ ဆုံမိချိန်တိုင်း
မျက်လွှာ မခတ်မိတဲ့ အထိ
မင်း ... အလှက ဖမ်းစားလွန်းတယ် ....

အနာဂတ်ရဲ့ နေ့ရက်တိုင်း
အချစ်စစ်တွေ အုံ့မှိုင်းတဲ့
သာယာစွာ သီကျူးမယ့်
သံစဉ်ချိုတွေ အတွက်
မင်းရဲ့ နှလုံးသားမှာ
ထာဝရ ... ခိုနားခွင့် ရချင်တယ် ... ။

No comments:

Post a Comment