Monday, February 13, 2012

အလွမ်းဒဏ်ရာ
မလွမ်းပါဘူး
တယောက်ထဲကြိတ်
တိတ်တိတ်လေး ငိုနေရုံကလွဲလို့ပေါ့
သတိမရခဲ့ဘူးဆိုရင်တောင်
ငါ့အိမ်မက်တွေမှာ
မင်းအမြဲရှိနေခဲ့ပါတယ်
မင်းကိုလွမ်းတိုင်း
မိုးရွှာခဲ့ရင်
အရမ်းကောင်းမှာဘဲနော်
ငါ့မျက်ရည်တွေ
မမြင်အောင်လို့ပေါ့
ချစ်ခဲ့တဲ့
အချစ်တခုအတွက်
ရလိုက်တဲ့
အလွမ်းတွေက
ခံနိင်ရည် ရှိတာထက်ကို
နာကျင်လွန်းလှပါတယ်
ချစ်သူရယ်

No comments:

Post a Comment