Monday, February 13, 2012

ချစ်သူသို့..

လမ်းခွဲရခြင်းအကြောင်းရင်းက
အကြောင်းမတိုက်ဆိုင်လို့တဲ့လား
ဒါဆို............
ငါ့ရဲ့တမ်းတခြင်းတွေမှာရော
အကြောင်းပြချက်မရှိရတော့ဘူးလား

 
နင်လုပ်ခဲ့သလိုမျိုး
အရာရာတိုင်းကိုသာ
လွယ်လွယ်မေ့လို့ရခဲ့ရင်
ငါ့ကမာမှာ
အလွမ်းဆိုတာတောင်ဖြစ်မလာဘူး။
အဆုံးသတ်မှာ
ဟောဒီသစ်စာရှင်ကြီးကတော့

ဟိုးရှေးရှေးတုန်းက
ချစ်ခြင်းတစ်ပိုင်းတစ်စလေးကို
တန်ဖိုးကြီးဆုလာဘ်တစ်ခုလို
အမြတ်တနိုးနဲ့သိမ်းဆည်းလို့ကောင်းတုန်းပေါ့။

No comments:

Post a Comment