Monday, February 13, 2012

လောက နိုင်တဲ့ စိတ်ထား ....
 
မိုးလင်းတိုင်း .. ကြားနေကျ
သာယာတဲ့ ... ကျေးငှက်သံ တိတ်ဆိတ်
လေထဲက ဘ၀ ... အပိုင်းအစတွေ
ဘာတစ်ခုမှ ... မဆောင်ယူနိုင်ခဲ့မိဘူး ...

လောကရဲ့ ပရိယာယ်တွေအောက်
မမြင်နိုင်တဲ့ အမုန်းရင့်တချို့နဲ့
ဖုံးကွယ်ရင်း ဟန်ဆောင်သူတွေရဲ့
ရိုးသားခြင်း မရှိတော့တဲ့ .. အသိုင်းအ၀ိုင်းကြား
ငါ .... ဘယ်လို အသက်ဆက်ရမလဲ .....

တကယ်တော့ ... မိတ်ဆွေ
ရိုးရိုးကျင့် ... မြင့်မြင့်ကြံလို့
နှလုံးသား ဖြူစင်သူတွေအတွက်
မြတ်ဗုဒ္စ ... ဟောကြားတဲ့
( စေတနာသည်သာလျှင် .. ကံ .. ပါပဲ ) .... ။

No comments:

Post a Comment