Monday, February 13, 2012

ဟေမန်ရဲ့ ... နိဂုံး
 
ကောင်မလေးရယ်
အေးစက်စက် အငွေ့အသက်တချို့
ပါးပြင်ထက် ဝေ့၀ဲ
ခံစားတတ်တဲ့ အသိစိတ်က
ဆောင်း ရောင်စုံမှာ နစ်မွန်းလို့
မြုတွေ ဘယ်အချိန် အုံ့မှိုင်းမလဲ ...

အရင်က ဆောင်းညတွေ
ဝိုင်လို ချိုမြိန်ခဲ့ ပေမယ့်
မရင်းနှီးတဲ့ အဝေးမြို့မှာ
အလွမ်းဆိပ် တရိပ်ရိပ်တက်လို့
အထီးကျန်သံစဉ်ခါးတွေ
နှလုံးသားမှာ နိဂုံးချုပ် နေပါပြီကွယ် ... ။

No comments:

Post a Comment