Saturday, February 11, 2012

အလွမ်းမျက်ရည်

-ချစ်သူ.......
 နှစ်တွေလဲ ကြာခဲ့ပြီ
အလွမ်းရာသီ အလီလီပြောင်းလဲ
ဒဏ်ရာဟောင်းကနာကျင်ဆဲ
မင်းပေးခဲ့တဲ့ အချစ်တုကို
သာယာမိတဲ့ငါ့အတွက်
ငါ့ရင်ထဲက အသည်းထုတ်လို့
ခေါင်းအုံးပြီးတော့ လွမ်းမယ်.......
-အချစ်တုတစ်ခုကိုပိုင်ဆိုင်ခဲ့တဲ့ ငါ့အတွက်
လွမ်းဆွေးခွင့်က အဆင်သင့်ဆိုရင်
စင်မြင့်ထက်ကမင်းရယ်နေလိုက်

နောင်တတော့မရချင်ဘူး
နှလုံးသားကလွမ်းတယ်...........
အရှုံးသမားတစ်ယောက်ဆီက
ငါ့ရဲ့ နောက်ဆုံးလက်ဆောင်............
မင်းကိုပေးဖို့
နှလုံးသားကကျတဲ့ ငါ့ရဲ့ အလွမ်းမျက်ရည်တွေကျန်သေးတယ်....။  

No comments:

Post a Comment