Saturday, February 11, 2012

နံရိုးတစ်ချောင်းရှာတွေ့ခြင်း


ချစ်သူ
ဘာကိုမှ အတိအကျမသိရတဲ့လောကကြီးမှာ
ငါမင်းကို စတင်တွေ့ရှိခဲ့တယ်..
အဲဒီနေ့က ငါ့ရင်ခွင်မှာအပြာရောင်တွေ
တလက်လက် တောက်ပခဲ့တယ် ။
နှလုံးသားကို အမြစ်တွယ်ပြီး
အချစ်ဆိုတဲ့ သစ်ပင်လေးမှာ
သစ္စာပန်းတွေ  အဆုပ်လိုက်
ဖူးပွင့် ဝေဆာ သွားခဲ့တယ်..........။                 ။

ချစ်သူ
မင်းဟာငါ့အတွတ်
2 ဖြစ်သလို
ငါဟာမင်းအတွက် ဖိနပ်တစ်ရံဖြစ်ပါရစေ ။               ။

ချစ်သူ
နှင်းမှုန်တွေပွင့်ကွဲနေတဲ့
ဆောင်းရဲ့ အရိပ်အောက်မှာ
ကြွေအံ့မှုးမှုးသစ်ရွတ်တခုရဲ့နွေရိပ်အောက်မှာ
တဖြုတ်ဖြုတ်ကြွေနေတဲ့ မိုးခတ်တို့ရဲ့အလယ်မှာ
အစဉ် လမ်းဆမ်းထာဝရ မညိုးနွမ်းတဲ့
ငါ့ရင်ထဲက ပန်းတပွင့်ကို
ခိုင်ကျဉ်တဲ့လက်တစုံနှင့် ပန်ဆင်ပေးပါရစေ ။             ။

ချစ်သူ
မင်းသိရဲ့လားဟင်
မင်းရဲ့မျက်ဝန်းနက်နက် တစုံအောက်မှာ
မင်းရဲ့အပြုံးနုနုအောက်မှာ
ငါ့ဘ၀ကိုစေစား ညို့ယူနိုင်ခဲ့တဲ့
မင်းရဲ့နှုတ်ခန်းနှစ်လွာ အောက်မှာ
ငါ့အသည်းခံတပ် ကျဆုံးခဲ့တယ် ။              ။

ချစ်သူ
မင်းသိရဲ့လားဟင်
မင်းမရှိတဲ့ အရပ်တွေမှာဆို
ကဗျောင်းကဗျန်ဖြစ်သွားတဲ့ ငါ့နှလုံးသား
ကသောင်းကနင်း ဖြစ်သွားတဲ့ငါ့စိတ်တွေဟာ
ဘယ်အရာကိုမှ ခံတွင်းမတွေ့တော့ဘူး ။              ။

ချစ်သူ
မင်းဟာငါ့အတွက် ကမ္ဘာဦးအစက
ငါ့ရဲ့နံရိုးလေးဆိုတာ သေချာတယ်
မင်းဘယ်နေရာတွေမှာ ခလုပ်တိုက်ခဲ့သလဲ
ဘယ်အရာတွေ ပေစွန်းခဲ့သလဲ
မပြောပါနဲ့ချစ်သူ
ဒါတွေဟာငါ့အတွက် အရေးမကြီးတဲ့
သင်ခန်းစာ ခေါင်းစဉ်တွေလိုပဲ
ယုံကြည်မှုအပြည့်နဲ့ငါ့လက်ကိုဆုပ်ကိုင်
တွဲလက်တွေ မဖြုတ်စတမ်း ငါ့တို့ဘ၀ရဲ့
ရုပ်လုံးတွေ လှပစွာပုံဖော်ရအောင်ပါ ။               ။

No comments:

Post a Comment