Saturday, February 11, 2012

ခွဲခွာခြင်း၏ နိမိတ်ပုံများ




 ခွဲခွာခြင်း၏ နိမိတ်ပုံများ

ဒီလိုအချိန် . .
ခွဲခွာကြမယ် ဆိုမှ
ငါ တိမ်တွေကို ကြည့်မိတယ်။

ဟိုးက တိမ်ဖြူဖြူတွေ .  .  .
လေကြောင့်ပဲ ဖြစ်ဖြစ်
အခြေအနေကြောင့်ပဲ ဖြစ်ဖြစ်
 
သူတို့ ခွဲခွာကြရရင်
တစ်ခုဆီ တစ်ခု လက်ကမ်း
တိမ်ပန်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း
ငွေ့ရည်လွှမ်းလို့ ပဏ္ဍာ ရလိုက်တာ . . ။

ဟိုးက တိမ်မည်းတွေကျတော့
သူတို့နှစ်စုကွဲရင်
ဆွဲကြ ၊ ရုံးကြ ၊ တွန်းထိုးကြ
လျှပ်ပန်းတွေလက် ၊ မိုးကြိုးတွေပစ်
မြည်သံတွေချုံးပြီး မိုးတွေရွာ
တည်ငြိမ်မှုမဲ့ ဝရုန်းသုံးကား
အထိတ်တလန့် ဆန်လွန်းလှတယ်. . ။

တကယ်လို့ . . .
ငါတို့ ခွဲခွာကြရမယ် ဆိုရင်တောင်မှ
ငါတို့ ရင်ထဲ
တိမ်ဖြူဖြူလေးတွေနဲ့ပဲ
ထွေးပွေ့ထားကြရအောင်. . .
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့.. . ။    ။

No comments:

Post a Comment