Saturday, February 11, 2012


ခွဲခွာခြင်း
ကဗျာဆန်ဆန်

တွေ့ဆုံခဲ့တာ မဟုတ်ပေမဲ့

ဝတ္ထုဆန်ဆန်ပဲ ခွဲခွာခဲ့တယ်

နှလုံးသားကို ငုံကြည့်လိုက်တော့….

အံသြစရာကောင်းစွာပဲ

နှလုံးသားကလည်း

ရုပ်ရှင်ဆန်ဆန်ကြီး ငိုကြွေးနေတယ်

အချစ်ဆိုတာချစ်နေဖို့သာအဓိကပါ

လူချင်းဝေးပါစေ

အသည်းချင်းနီးနေမယ်…။

ထားခဲ့မယ်ဆို

ပြန်လှည့်ကြည့်မနေပါနဲ့

ဒီရင်မှာဘာဖြစ်ဖြစ်ပေါ့….

ငါအတွက်နဲ့လည်း

ဘယ်တော့မှမငိုပါနဲ့..

ဘုရားပေးသလောက်ထဲမှာမှ

ငါဟာ ကိုယ်နဲ့တန်သလောက်ပဲ

ရခဲ့တဲ့သူပါ…။

ဘဝကို….

နေတတ်အောင် ကြိုးစားနေရတယ်

ရောင့်ရဲနိုင်အောင် ကျင့်ကြံနေရတယ်…

ကိုယ့်အထာနဲ့ ကိုယ့်အထွာနဲ့ပေါ့ …။

No comments:

Post a Comment