Saturday, February 11, 2012

ချစ်ခြင်းဖြင့် ခွဲခွာခြင်း

နင်အဆင်ပြေနေတယ်ဆိုတဲ့အတွေး
နင်ပျော်ရွှင်နေတယ်ဆိုတဲ့ အတွေး
နင်ပူလောင်မွမ်းကြပ်မနေဘူးဆိုတဲ့အတွေး
အနဲဆုံးဟာ
နင်..
မနက်စာ၊ညစာမှန်အောင်စားနေရတယ်ဆိုတဲ့အတွေး
အဲ့ဒိအတွေးတွေခံစားသိရုံနဲ့
ငါနေပျော်တယ်...။
တို့ကသူ့ကိုထားခဲ့တာလား၊
သူက တို့ကိုထားခဲ့တာလား၊
နှုတ်ဆက်ခြင်းဆိုတာက ချစ်ခြင်းတရားနဲ့အတူ လမ်းခွဲရသူတွေအတွက်
မလိုအပ်လှဘူး.....။
သူ့ကြောင့် စိတ်ထွေတယ်....။
ဒါဆို......
နှုတ်မဆက်ဘဲ ထွက်သွားတဲ့အခါ...
ချစ်ခြင်းတရားကို ပွေ့ဖက်ပြီးလွမ်းနေရတာလား။
တို့.....အချစ်နဲ့ကင်းကင်း...နာကျည်းချင်ပါတယ်.....။

ခွဲခွာခြင်းဆိုတာမှာ စွန့်လွှတ်ခံရသူနဲ့၊စွန့်လွှတ်လိုက်တဲ့သူ
ဘယ်သူကပိုခံစားရတတ်သလဲ...
တို့အထင်တော့ စွန့်လွှတ်လိုက်ရတဲ့သူက ပိုမလားပဲ။
စွန့်လွှတ်ခံလိုက်ရတဲ့သူမှာ နာကျည်းခြင်းနဲ့ ဖြေသာတယ်...။
စွန့်လွှတ်လိုက်ရသူကတော့ အမုန်းရယ်...အရှုံးရယ်...ဟန်လုပ်အပြုံးရယ်နဲ့...
ကိုယ်ဘာကောင်လဲသေချာမသိတော့၊
ကိုယ်ဘာကောင်လဲ သေချာမသိချင်တော့တဲ့ဘ၀....။

No comments:

Post a Comment