Wednesday, February 1, 2012

ခြေရာကိစ္စ

မြေပြင်မှာ
ခြေရာထင်ထင် မထင်ထင်
(ကုန်းကြောင်း….)
နှင်တဲ့သူကနှင်မှာပဲ။

ဝေဟင်မှာ
ခြေရာကျန်ကျန် မကျန်ကျန်
(လေဟုန်……)
ဆန်တဲ့ငှက်ကဆန်မှာပဲ။
ရေပြင်မှာ
ခြေရာစူးစူး မစူးစူး
(လှိုင်းကြား…..)
ကူးတဲ့ငါးကကူးမှာပဲ။
ဟုတ်ကဲ့
ခရီးတထောက်
ပြီးမြောက်ဖို့ကိစ္စမှာ
ခြေရာဟာ
သာမညလား….
အဓိကလား…..
ခွဲခြားသိဖို့လိုတယ်နော…..။

No comments:

Post a Comment