Wednesday, February 1, 2012

ဆရာအို၏ဩ၀ါဒ

ပျဉ်းမပင်ညို ဇရာအိုသည်
နှစ်လိုထည်ဝါ မရှိပါတည့်။
နေပြင်းလေပြင်း တံလျှပ်ခွင်း၍
ယိုယွင်းပင်ခြောက် ခြအုံဖေါက်ခဲ့
သစ်ခေါက်ဆွေးမှာ ဓါးထစ်ရာနှင့်

ကာလကြာရှည် (ရှေ) ရင့်ရော်လေသည့်
စစ်မြေလမ်းက ပင်ပျဉ်းမ။
အထီးကျန် အကျည်းတန်၍
ဒဏ်ရာဗလဗွေ အိုမင်းလေလည်း
တနွေသစ်လျှင် ပရစ်ဆင်မည်
ငယ်သွင်မာန်ဇွဲ ပျိုမျစ်မြဲတည်း။
တောတွင်းတဲနန်း စခန်းအနီး
ပင်ကြီးပျဉ်းမ အိုရွတ်တွကား
ဆုံးမငါ့ကို မိန့်မြွက်ဆိုသို့
သူ့ကိုငါ့မှာ ကြည်ညိုပါ၏။
ဇရာမယွင်း မအိုမင်းသော
ချင်းချင်းနီစွေး ငါတို့သွေးနှင့်
ပေးသောသမိုင်း ရိုင်းသောစနစ်
စစ်ခွေးတအုပ် ရန်မျိုးဖြုတ်ဖို့
အားထုတ်ဇွဲမာန် အလွန်သန်သော်
မိုးယံတမွတ် ကြယ်ကိုဆွတ်အံ့တည်း။

No comments:

Post a Comment