Wednesday, February 1, 2012

သွေးနွံထဲကျွံကျခဲ့တဲ့နှင်းဆီ

ကြယ်တွေမလင်းတဲ့ တညမှာ
ငါဟာ
အတွေးပေါင်းများစွာနဲ့
အိပ်ပျော်သွားခဲ့ပါတယ်။
ငါတွေးခဲ့သမျှအကြောင်း
ခွပ်ဒေါင်းတွေနဲ့တန်းတူ

ခွပ်ဒေါင်းပျိုဖြူတွေ
မယူနိုင်တဲ့ တာဝန်ရှိနေသလား။
တိုက်ပွဲတွေကြား
လက်နက်ကြီးသမားတယောက်
ငါဟာ မဖြစ်လောက်ဘူးလား။
တချို့အမျိုးသမီးတွေ
တိုက်ခိုက်ရေးမှာ
အမျိုးသားတွေထက် သာနေတာ
ရုပ်ရှင်ထဲမှာမို့လား။
ခရီးဘယ်လောက်ကြမ်းမလဲ
လှမ်းရဲလို့ ထွက်လာခဲ့ပြီပဲလေ
သွေးပေနေတဲ့ နှင်းဆီတပွင့်
်ဆူးခက်ပိုရင့် နေပြီ
ကြမ်းသင့်ရင်ကြမ်းရမယ်
ကြမ်းနိုင်ခွင့်ရှိသင့်တယ်။
နည်းနည်းမှနောက်မတွန့်
အသက်တွေစွန့်နေကြ
ခွပ်ဒေါင်းပျို ဘ၀များ
မင်းတို့အားလုံးနောက်မှာ
မားမားရပ်နေတာထက်
လက်နက်ကိုင်ရင်ဘောင်တန်းလို့
စက်ရုပ်တို့ကို ခြေမှုန်းချင်လိုက်တာ။
နံနက်အာရုံဦးမှာ
ရွှင်မြူးစွာ
ငါနိုးလာခဲ့တယ်
ဘာဖြစ်လို့လဲဆိုတော့
အိမ်မက်ထဲမှာ ငါဟာ
ဗလင်တီနာ ထရက်ရှ်ကိုဗာ
ဖြစ်နေခဲ့တယ်လေ။
ပြီးတော့
ဒီညကိုမော့ကြည့်လိုက်ရင်
ပြိုးပြက်ပေါ်လွင်
ကောင်းကင်ပေါ်က ကြယ်စင်များနဲ့
ထွန်းလင်းတောက်ပ သာမဲ့လမင်း
ရှင်းရှင်းကြီးတွေ့ရမှာ
သိပ်သေချာတာပေါ့။

No comments:

Post a Comment