Wednesday, February 1, 2012

အိပ်ပျက်ညတ၀တ်

ကာရံမညီသော ညတစ်ဝက်ကို
မပြည့်သော လမင်းရဲ့ အလင်းရောင်တစ်ခြမ်းနဲ့
ငါတို့ခရီးအတူ လျှောက်လှမ်းရင်း
တိမ်တိုက်တွေကြား သူကွယ်ပျောက်သွားလေသလားကွယ်....။

နေရောင်ပျောက်သော လမိုက်ညမှာ
အလင်းရောင်မဲ့ လူသားတယောက်
မီးအိမ်ကိုကိုင်စွဲရင်း မီးဇာကုန်ခမ်းလို့
ခရီးပျောက် လမ်းမှောက်ခဲ့ရပြီးကွယ်...။

မှောင်ရီဝေသော ညနက်သန်းခေါင်ယံမှာ
ခေါ်သံမကြားတစ်ချက် ကြားတစ်ချက်နဲ့
အဝေးက မင်းသံစဉ်ကို နားစဉ်ဖို့အတွက်
ငါလန့်နိုးလို့ စမ်းဝါးဝါးဖြစ်ခဲ့ပြီးကွယ်....။

အမှောင်ညတစ်ညမှာ ကောင်မလေးရယ်
မင်းဖုန်းခေါ်သံတွေက ငါရင်ကိုနိုးကြားလို့
လန့်နိုးလာခိုက် ငါနဘေးက ကွန်ပြူတာကို
ဖွင့်လိုက်ပြီး ချစ်ခြင်းအကြောင်းတွေ
မေတ္တာဖွဲ့ဆိုရင်း အတိတ်ညတစ်ခြမ်းကုန်လွန်ခဲ့ပြီးပေါ့ကွယ်....။

နာရီလက်တန်က အမှောင်ယံကိုအုပ်စိုးလို့
မနက်ဖြန်အလင်းမရောက်ခင် ကျနေတဲမိုးစက်တွေကို
ငေးမောနေရင်း ချစ်သူဆီက ပြန်တမ်းစာကို
ငါမျက်နှာပြင်ထက် အပ်လိုက်တာ
အခုတော့ အချစ်က အိပ်ပျက်ညတစ်ဝက်ပါလားကွယ်.

No comments:

Post a Comment